မန်ယူအသင်းတောင်ပံကစားသမား ဆန်းချက်ဇ်က အသင်းနှင့်အတူ ဆုဖလားများရယူသွားမည်ဖြစ်ပြီး မိမိ၏စွမ်းရည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းတောင်ပံကစားသမား ဆန်းချက်ဇ်က အသင်းနှင့်အတူ ဆုဖလားများရယူသွားမည်ဖြစ်ပြီး မိမိ၏စွမ်းရည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ချီလီတောင်ပံကစားသမား ဆန်းချက်ဇ်သည် လက်ရှိတွင် ဒူးဒဏ်ရာကြောင့် အနားယူနေရသူဖြစ်သလို မန်ယူအသင်းသို့ရောက်ရှိလာပြီးကတည်းက ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်နေရသူဖြစ်သည်။
ဆန်းချက်ဇ်က ''ကျွန်တော်က ဘောလုံးကိုအလွန်ချစ်မြတ်နိုးသူဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်ဘာလုပ်နိုင်လဲဆိုတာကို ကျွန်တော်သိပါတယ်။ ကျွန်တော့်ရဲ့စွမ်းရည်အပေါ်မှာ ယုံကြည်မှုအပြည့်ရှိပါတယ်။ မန်ယူအသင်းက အင်္ဂလန်မှာသာမက ကမ္ဘာပေါ်မှာပါ ကျော်ကြားတဲ့အသင်းဖြစ်ပါတယ်။ ဒီအသင်းကို ဆုဖလားတွေရယူပြီး ပရိသတ်တွေပျော်ရွှင်မှုရအောင် ကျွန်တော်ကူညီပေးချင်ပါတယ်။ ကျွန်တော်ဂိုးတွေသွင်းချင်သလို မန်ယူပရိသတ်တွေကို ပျော်ရွှင်မှုတွေရယူပေးပြီး ဆုဖလားတွေအများကြီးဆွတ်ခူးပေးချင်ပါတယ်" ဟုပြောကြားခဲ့သည်။
ထို့ပြင် ဆန်းချက်ဇ်က ၄င်းမှာ ငယ်စဉ်ကတည်းက မန်ယူအသင်းကို အားပေးခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
'' ကျွန်တော် ငယ်ငယ်ကတည်းက မန်ယူအသင်းကိုသဘောကျခဲ့တာပါ။ ဒါကိုကျွန်တော်ကျိန်ဆိုရဲပါတယ်။ မန်ယူအသင်းကို ဘယ်လောက်ချစ်ကြောင်း ပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေ ဖန်တီးပြီး ကျွန်တော်သက်သေပြချင်ပါတယ်" ဟု ဆန်းချက်ဇ်ကပြောကြားခဲ့သည်။
ဆန်းချက်ဇ်သည် မန်ယူကစားသမားဘဝတွင် ပြိုင်ပွဲစုံ (၄၁)ပွဲကစားခဲ့ရာတွင် (၅)ဂိုးသာသွင်းယူထားနိုင်ပြီး ယခုရာသီတွင်လည်း ပြိုင်ပွဲစုံ (၂၃)ပွဲတွင် (၂)ဂိုးသာ သွင်းယူထားသည်။
လက်ရှိအချိန်တွင် ဆန်းချက်ဇ်ကိုခေါ်ယူရန် အီတလီထိပ်သီး ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။