လက်စတာအသင်းနှင့် စာချုပ်သက်တမ်းတိုးနိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း မော်ဂန် ပြောကြား

လက်စတာအသင်းနှင့် စာချုပ်သက်တမ်းတိုးနိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း မော်ဂန် ပြောကြား
Photos: Instagram/LeicesterCity & Getty Images
Photos: Instagram/LeicesterCity & Getty Images
Published 19 March 2019

လက်စတာအသင်းသည် ယခုနှစ်ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အသက် (၃၅)နှစ်အရွယ်ရှိ ဂျမေကာနောက်ခံလူ မော်ဂန်ကို အသင်းတွင် ၂၀၂၀ ခုနှစ်အထိရှိနေမည့် တစ်နှစ်သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

လက်စတာအသင်းခေါင်းဆောင် မော်ဂန်က အသင်းနှင့် စာချုပ်သက်တမ်းတိုးနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာကြောင်း ပြောကြားခဲ့သည်။

လက်စတာအသင်းသည် ယခုနှစ်ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အသက် (၃၅)နှစ်အရွယ်ရှိ ဂျမေကာနောက်ခံလူ မော်ဂန်ကို အသင်းတွင် ၂၀၂၀ ခုနှစ်အထိရှိနေမည့် တစ်နှစ်သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

မော်ဂန်က '' လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုက်တာဟာ ကျွန်တော့်အတွက် အဓိပ္ပါယ်တွေ အများကြီးရှိပါတယ်။ လက်စတာအသင်းနဲ့အတူ ကျွန်တော်ဟာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုအားလုံးကို ခံစားဖူးပြီး ဒီအသင်းဟာ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲရှိနေမယ့်အသင်းပါ။ ဒါကြောင့် အသင်းမှာ ဆက်ကစားခွင့်ရတာဟာ ကျွန်တော့်အတွက် အဓိပ္ပါယ်များစွာရှိပြီး အခုလိုစာချုပ်သက်တမ်းတိုးနိုင်ခဲ့လို့ ကျွန်တော်အရမ်းပျော်ပါတယ်။ လက်စတာအသင်းဟာ အနာဂတ်မှာ ပိုမိုကောင်းမွန်လာမယ့် အသင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လက်စတာအသင်းမှာ လူငယ်ကစားသမားတွေကိုပိုင်ဆိုင်ထားသလို၊ ၀ါရင့်ကစားသမားတွေလည်းရှိပါတယ်။ ပြီးတော့ နည်းပြရော်ဂျာက လူတော်တစ်ဦးဖြစ်တာကြောင့် လက်စတာအသင်းရဲ့အနာဂတ်ဟာ တောက်ပနေပါတယ်" ဟုပြောကြားခဲ့သည်။

မော်ဂန်သည် ၂၀၁၂ ခုနှစ်တွင် နော်တင်ဟမ်ဖောရက်စ်အသင်းမှ လက်စတာအသင်းသို့ ပေါင် (၁)သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့သူဖြစ်သည်။ မော်ဂန်သည် လက်စတာအသင်းတွင်  (၈)ရာသီကာလအတွင်း ပြိုင်ပွဲစုံ (၂၉၃)ပွဲတွင် (၁၃)ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

မော်ဂန်သည် လက်ရှိရာသီတွင်လည်း လက်စတာအသင်းအတွက် ပရီးမီးယားလိဂ် (၁၉) ပွဲတွင် (၂)ဂိုးသွင်းယူထားကာ အသင်းကိုဦးဆောင်ကစားလျက်ရှိသည်။