ကမ္ဘာတစ်ဝန်း အကျော်ကြားဆုံးအားကစားသမားစာရင်းတွင် စီရော်နယ်လ်ဒို ထိပ်ဆုံးနေရာ ရပ်တည်

ကမ္ဘာတစ်ဝန်း အကျော်ကြားဆုံးအားကစားသမားစာရင်းတွင် စီရော်နယ်လ်ဒို ထိပ်ဆုံးနေရာ ရပ်တည်
Photos : AFP
Photos : AFP
Published 18 March 2019

အမေရိကန်အခြေစိုက် ESPN သတင်းဌာနက ထုတ်ပြန် သည့် ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာတစ်ဝန်း အကျော်ကြားဆုံးအား ကစားသမားစာရင်းတွင် ဂျူဗင်တပ်စ်အသင်း၏ ပေါ်တူဂီလက် ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ESPN သတင်းဌာနသည် ကမ္ဘာတစ်ဝန်း ကျော်ကြားမှုအရှိ ဆုံး အားကစားသမားရွေးချယ်ရာတွင် တစ်ဦးချင်းစီ၏ လူမှုကွန် ရက်မီဒီယာများတွင် ပရိသတ်ပိုင်ဆိုင်မှုအရေအတွက်၊ ကြော်ငြာ လုပ်ငန်းများမှရရှိသည့်ဝင်ငွေ၊ Google တွင် ရှာဖွေခံရမှုအပေါ် အမှတ်ပေးမှု စသည့် အချက်သုံးချက်ဖြင့် တွက်ချက်ရွေးချယ်ထား ခြင်းဖြစ်သည်။ 

စီရော်နယ်လ်ဒိုသည် အွန်လိုင်း၌ ရှာဖွေခံရမှု ရမှတ် ၁၀၀ ရရှိသည့်အပြင် လူမှုကွန်ရက်များတွင် ပရိသတ် ၁၄၈ သန်း ပိုင်ဆိုင်ထားကြောင်း သိရသည်။ 

ထို့ပြင် ကြော်ငြာနှင့် စပွန် ဆာစာချုပ်များမှ တစ်နှစ်လျှင် ဒေါ်လာ ၃၇ သန်းအထိရရှိနေ သောကြောင့် ယခုစာရင်းတွင် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခြင်းဖြစ်သည်။ 

၎င်းသည် ကမ္ဘာတစ်ဝန်းရှိ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ တွင်လည်း လူမှုကွန်ရက်ပရိသတ်အများဆုံးအဖြစ် ရပ်တည်လျက် ရှိသည်။ 

စီရော်နယ်လ်ဒို၏နောက်တွင် NBA ဘတ်စကက်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်၊ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီ၊ PSG အသင်းတိုက်စစ်မှူး နေမာ၊ MMA ကစားသမား မက်ဂရီဂေါ်တို့ အစဉ်လိုက်ရပ်တည်နေသည်။ 

ကစားသမား ၁၀၀ စာရင်းတွင် ဘောလုံးသမားများက အများဆုံးပါဝင်နေပြီး အမျိုး သမီးသုံးဦး (ဆရီနာဝီလျံ၊ ရှာရာပိုဗာ၊ မီယာဇာ) သာ ပါဝင်သည်။

၂၀၁၉ ခုနှစ်အတွက် အကျော်ကြားဆုံး အားကစားသမားစာရင်း

အမည်        အားကစား        အွန်လိုင်းရှာဖွေမှု    ကြော်ငြာဝင်ငွေ    လူမှုကွန်ရက်ပရိသတ်

စီရော်နယ်လ်ဒို    ဘောလုံး        ၁၀၀        ၃၇ သန်း        ၁၄၈ သန်း

လီဘရွန်ဂျိမ်းစ်    ဘတ်စကက်ဘော    ၄၇        ၅၂ သန်း        ၄၅.၃ သန်း

မက်ဆီ        ဘောလုံး        ၅၄        ၂၈ သန်း        ၁၀၃.၁ သန်း

နေမာ        ဘောလုံး        ၅၅        ၁၉ သန်း        ၁၀၇.၂ သန်း

မက်ဂရီဂေါ်    MMA        ၁၀၀        ၁၅ သန်း        ၂၉.၇ သန်း

ဖက်ဒါရာ        တင်းနစ်        ၂၃        ၄၁.၅ သန်း        ၁၄.၅ သန်း

ခိုလီ        ခရစ်ကတ်        ၂၅        ၂၀ သန်း        ၃၇.၁ သန်း

ရာဖေးလ်နဒါးလ်    တင်းနစ်        ၄၀        ၂၉.၃ သန်း        ၁၅.၆ သန်း

စတီဖင်ကာရီ    ဘတ်စကက်ဘော    ၁၂        ၄၂ သန်း        ၂၃ သန်း

တိုက်ဂါးဝုဒ်        ဂေါ့ဖ်        ၂၀        ၄၂ သန်း        ၆.၄ သန်း

Most Read

Most Recent