ဂျူဗင်တပ်စ်နှင့်ပွဲတွင် ပေါ့ဆ၍ မရဟု အသင်းဖော်များကို ကိုကေ သတိပေး

ဂျူဗင်တပ်စ်နှင့်ပွဲတွင် ပေါ့ဆ၍ မရဟု အသင်းဖော်များကို ကိုကေ သတိပေး
Photo: Marca
Photo: Marca
Published 12 March 2019

အက်သလက်တီကိုမက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ဂျူဗင်တပ်စ်အသင်းကို အိမ်ကွင်း၌ (၂-၀) ဂိုးဖြင့် အနိုင်ရရှိထားသော်လည်း အဆိုပါရလဒ်မှာ ကွာတားဖိုင်နယ်သို့ တက်ရောက်ရန် မလုံလောက်သေးကြောင်း ကိုကေက ဆိုခဲ့သည်။

အက်သလက်တီကိုမက်ဒရစ်အသင်းကွင်းလယ်လူ ကိုကေက ဂျူဗင်တပ်စ်နှင့်ပွဲတွင် ပေါ့ဆ၍မရကြောင်း အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။

အက်သလက်တီကိုမက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ဂျူဗင်တပ်စ်အသင်းကို အိမ်ကွင်း၌ (၂-၀) ဂိုးဖြင့် အနိုင်ရရှိထားသော်လည်း အဆိုပါရလဒ်မှာ ကွာတားဖိုင်နယ်သို့ တက်ရောက်ရန် မလုံလောက်သေးကြောင်း ကိုကေက ဆိုခဲ့သည်။

ဂျူဗင်တပ်စ်နှင့် အက်သလက်တီကိုတို့၏ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို ယနေ့ည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက် ၂:၃၀ နာရီ) တွင် ကစားမည်ဖြစ်သည်။

ကိုကေက "ပထမအကျော့ရလဒ်က ကျွန်တော်တို့အတွက် အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ဒီရလဒ်က နောက်တစ်ဆင့်တက်ဖို့ မလုံလောက်သေးပါဘူး။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာမဆိုဖြစ်နိုင်ပြီး ဂျူဗင်တပ်စ်အသင်းက တကယ်ကောင်းတဲ့ အသင်းပါ။ ကျွန်တော်တို့အနေနဲ့ ဂျူဗင်တပ်စ်အသင်းကို ဂရုတစိုက်နဲ့ အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ လိုပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ရောက်နိုင်ရေးအတွက် ဂျူဗင်တပ်စ်နဲ့ပွဲမှာ ပွဲအစကနေ အဆုံးအထိ အကောင်းဆုံးကစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီကလည်း ဂျူဗင်တပ်စ်အသင်းမှာ အလွန်ကောင်းသည့် အသင်းဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် အကောင်းဆုံးကစားနိုင်မှသာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent