မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ်ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းရန် မတ်လ (၁၂)ရက် (ယနေ့)တွင် အစည်းအဝေးပြုလုပ်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ်ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းရန် မတ်လ (၁၂)ရက် (ယနေ့)တွင် အစည်းအဝေးပြုလုပ်မည်
Photos : MFF
Photos : MFF
Published 12 March 2019

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် နည်းစနစ်ကော်မတီ ပြန်လည်ဖွဲ့စည်းရန် မတ် (၁၂) ရက် (ယနေ့) မွန်းလွဲ (၁) နာရီတွင် MFF ရုံး၌ အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 

MFF သည် လက်ရွေးစင်အသင်း များ၏ အုပ်ချုပ်မှု/နည်းပြအဖွဲ့ဝင်များ စနစ်တကျ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး၊ နည်းစနစ် ကော်မတီအသစ်တစ်ရပ် ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ လက်ရွေးစင်အသင်းများ၏ စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စ ရပ်များအား ဦးစီးဆောင်ရွက်နိုင်ရေး အစရှိသည့်ကိစ္စရပ်များအတွက် အထူးအစည်းအဝေးတစ်ရပ်ကို ပြီးခဲ့သည့် မတ်(၆) ရက်က ပြုလုပ်ခဲ့သည်။ 

ယင်းအစည်းအဝေးကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော် အပါအဝင် နည်းစနစ်ကော်မတီမှ တာဝန်ရှိသူများ၊ လက်ရွေးစင်အသင်းများမှ အုပ်ချုပ်/နည်းပြများ တက်ရောက်ခဲ့ကြသည်။ 

ယင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ လက်ရွေးစင်အသင်းအားလုံးရှိ နည်းပြချုပ်များကို လုပ်ပိုင်ခွင့်အပြည့်အဝပေး ရေး၊ လက်ရွေးစင်အသင်းအားလုံး၏ လိုအပ်ချက်မှန်သမျှကို အပြည့်အဝထောက်ပံ့ရေး၊ ကစားသမားများ၏ စားသောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အာဟာရပြည့်မီစွာ ကျွေးမွေးရေး၊ နည်းစနစ်ကော်မတီကို အရည်အချင်းပြည့်မီသူများဖြင့် စနစ်တကျ အသစ်ပြန်လည်ဖွဲ့စည်းရေးအစရှိသည့် ကိစ္စရပ်များကို အတည်ပြုခဲ့သည်။ 

 

Most Read

Most Recent