
ဒီမီးမတော်တဆမှုဖြစ်တဲ့ဟာက သူတို့ ခိုးလည်လို့ ဖြစ်သလားပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ခိုးလည်တယ်ဆိုရင် ပိုအပြစ်က ကြီးတော့မှာ။ ပိတ်ထားတဲ့ဟာကို ခိုးလည်ရင် ပိုအပြစ်ကကြီးမယ်…
မေး - YD အရက်ချက်စက်ရုံအကြောင်း ပြောပြပေးပါဦး။
ဖြေ - ဒီဟာကို တိုင်ထားတာရှိတယ်။ ရေဆိုးထုတ်တာနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင်က တိုင်ထားတာရှိတော့ ပြည်သူ့လွှတ်တော် ကော်မတီ တစ်ခုကလည်း သွားပြီးတော့ စစ်ထားတာလည်း ရှိတယ်။ အခုက ဘာလဲဆိုတော့ YD အရက်ချက်စက်ရုံက ရေဆိုးထုတ်စနစ်ကို တပ်ဆင်နေတယ်။ တပ်ဆင်နေတော့ ဒီကြားထဲမှာ တစ်နှစ် Extension ပေးထားတဲ့ ပုံစံနဲ့ အရက်ချက်စက်ရုံက လည်နေတဲ့သဘောရှိတယ်။ ထရန်စဖော်မာထိုင်တဲ့ ကိစ္စတော့ အသေးစိတ်မသိဘူး။ စက်ရုံလည်နေတာကတော့ သူတို့ကို တိုင်ထားတယ်။ တိုင်ထားတဲ့အခါမှာ ပြည်သူ့လွှတ်တော် ကော်မတီကလည်း ဆင်းစစ်တယ်။ ဆင်းစစ်ပြီးသွားတော့ တစ်နှစ်အတွင်းမှာ ပြီးအောင် တပ်ဆင်ပါဆိုပြီး ဒီပုံစံနဲ့ လုပ်နေတာ။ သူတို့တပ်နေတယ်ပေ့ါနော်။ ခဏခဏလည်း ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တွေက ဆင်းဆင်းစစ်တယ်။ ဆင်းစစ်ပြီးတော့ လိုအပ်တဲ့ အချက်တွေ သူတို့ကို ပတ်ဝန်းကျင်ဆိုင်ရာ ကော်မတီကနေ အကြံပြုထားတာတော့ ရှိတယ်။ ကျွန်တော်က ကော်မတီကို မေးတယ်။ သူ့ရေဆိုးထုတ်စနစ် အကြောင်းပေါ့။ သူက ရေဆိုးထုတ်စနစ်က တပ်တာတော့ တပ်ထားတယ်။ ဒါပေမဲ့ လုံလောက်တဲ့ နိုင်ငံတကာအဆင့်မီ မဟုတ်သေးဘူးလို့တော့ ပြောတယ်။ ကော်မတီကနေပြီးတော့ ဘယ်အချက်တွေ ဘယ်အချက်တွေ ပြင်ပေ့ါနော်။ ဒါတော့ ပြောတယ်။ အခု ကျွန်တော်တို့က သူ့ကိုစောင့်ကြည့် နေတာကတော့ ပေးထားတဲ့ အချိန်အတွင်းမှာ ပြီးမလား မပြီးရင်တော့ ပိတ်ပေ့ါ။
မေး - YD စက်ရုံ မီးလောင်မှုဖြစ်တဲ့နေ့ကကိစ္စ ပြောပြပေးပါဦး။
ဖြေ - ဖြစ်တဲ့နေ့ကတော့ ကျွန်တော်တို့ ဒါဘာဖြစ်သလဲပေါ့။ ဘာဖြစ်သလဲ၊ ဘယ်လိုအတိုင်းအတာအထိ ဖြစ်သလဲ၊ ဘယ်လောက်အထိ ဖြစ်သလဲ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကိုတော့ ကျွန်တော်လှမ်းပြီး မေးထားတော့ ဟိုသူတို့ဆီက အကြောင်းကြားလာတာကတော့ လူကတော့ ထိခိုက်မှု မရှိဘူးပေါ့။ ဒါပေမဲ့ မီးငြိှမ်းရင်းနဲ့ အဲဒီက ထရန်စဖော်မာထဲက အရည်စင်ပြီးတော့ အပူလောင်တဲ့ တစ်ယောက်တော့ ရှိတယ်ပေါ့။ ကျန်တာကတော့ ထိခိုက်မှု ပတ်ဝန်းကျင် မရှိဘူး။ ဒါပေမဲ့ အဲဒီထရန်စဖော်မာကတော့ အပြင်ရောက်နေတဲ့ ထရန်စဖော်မာ။ တိုင်တားတဲ့ ထရန်စဖော်မာဆိုတော့ အခုဆက်ပြီးတော့ အရေးယူဖို့ လုပ်နေတယ်လို့ ပြောတယ်။
မေး - ဒီလို အရက်ချက်စက်ရုံတွေ အနေနဲ့ ဘယ်လိုစက်မှုဇုန်တွေမှာ ထားသင့်လဲ။
ဖြေ - စက်မှုဇုန်တွေကတော့ အသံဇုန်တွေ၊ အနံ့ဇုန်တွေ ခွဲထားတာ ရှိတာပေ့ါ။ ဒီပတ်ဝန်းကျင်အတွက်ကို အန္တရာယ် များတယ်ပေ့ါနော်။ ပိုပြီးတော့ ထိခိုက်မှုများနိုင်တဲ့ဟာမျိုးတွေ ဆိုရင်တော့ သတ်မှတ်ချက်တွေနဲ့ညီတဲ့ စက်မှုဇုန်တွေပေ့ါ။ ဆိုလိုတာက ဇုန်အကြီးကြီးတွေပေ့ါ။ ဇုန်းအကြီးကြီးတွေဆီကို ရွှေ့တာတော့ ကောင်းတာပေ့ါ။ စက်မှုဇုန်က တစ်ခါတလေကျရင် သူတို့က အကြောင်းပြ ဘာပေးလဲဆိုရင် စက်မှုဇုန်ထဲမှာ လုပ်ငန်းလာဖွင့် ထားတဲ့ဟာပေ့ါနော်။ ဒီအတွက်ကြောင့် သူ့တို့မှာ လုပ်ပိုင်ခွင့်ရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ် ဆိုပေမယ့်လည်း ဥပဒေနဲ့ညီရင် လုပ်လို့ရတယ်။ ဥပဒေနဲ့ မညီရင်တော့ လုပ်ခွင့်ပေးလို့မရတဲ့ အနေအထားပေ့ါ။ ခုနကပြောတဲ့ လျှပ်စစ်တို့၊ ဘာတို့ ကိစ္စဆိုလည်း သက်ဆိုင်ရာ စက်မှုဇုန် ကော်မတီရော၊ EPC တို့၊ မီးသတ်တို့၊ ထွေအုပ်တို့ပေ့ါနော်။ ဘယ်အချိန်က တိုင်တာလဲ။ တိုင်ထားတာကို ပြန်ဆင်းစစ်ပြီးတော့ လည်ပတ်ခွင့် ပိတ်ထားဖို့ လိုအပ်ရင်လည်း ပိတ်ထားဖို့ ဒါကတော့ လုပ်ရမှာပေါ့။
မေး - ဒီ YD နဲ့ပတ်သက်လို့ သူက ဇုန်ကော်မတီဆီကလည်း ထောက်ခံချက်လည်း မရဘူး။ မီးသတ်ကလည်း မရှိဘူး။ အခုလို မီးလောင်တဲ့ ပြဿနာတွေ ဖြစ်လာတဲ့အပေါ်မှာ အစ်ကို့ နယ်မြေထဲမှာဆိုတော့ ဘယ်လိုလုပ်ဖို့ ရှိပါသလဲ။
ဖြေ - ဒါကတော့ ဘာလုပ်ဖို့ရှိလဲဆိုတော့ ခုနက ပြောသလို ဇုန်ကော်မတီက ထောက်ခံချက်မရဘူး။ ပြီးတော့ ထောက်ခံချက်လည်း မပေးထားဘူး။ ဒီထွေအုပ်ကလည်း ထောက်ခံမပေးထားဘဲနဲ့ ခိုးလည်ရင်းနဲ့ ဖြစ်တဲ့ Accident မျိုးဆိုရင်တော့ ဒါခိုးလည်တယ် ဆိုရင်တော့ ကျွန်တော်တို့က သူ့ကိုဥပဒေနဲ့ အညီပေါ့။ ဒီဟာကို ဥပမာ ဇုန်ကနေပြီးတော့ ဥပဒေနဲ့အညီ ဘယ်လို အရေးယူမှာလဲပေါ့။ EPC လျှပ်စစ်က အရေးယူမှာလား။ မီးသတ်က အရေးယူမှာလားပေါ့လေ။
တစ်ခုရှိတာကကျတော့ ဘယ်လိုဖြစ်နေလဲ ဆိုတော့ဗျာ နည်းနည်း ကျွန်တော်တို့အခု စက်မှုဇုန်ဥပဒေ ခုမှ ဆွဲတဲ့ဟာ။ အခုမှ ဒီမှာ ကျွန်တော်တို့ လွှတ်တော်ကနေပြီးတော့ ဒီစက်မှုဇုန်ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ အတွက်ကို ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတဲ့ အခါကျတော့ အခုဒီဟာမှာတော့ ခိုးလည်တယ် ဆိုလို့ရှိရင် ဇုန်က သူကို ဒဏ်ကြေးတော့ ရှိမှာပေါ့။ ပြီးတဲ့အခါကျတော့ ခိုးလည်လို့မှ ခိုးလည်လို့ ဒါမီးလောင်မှုဖြစ်တယ် ဆိုလို့ရှိရင်တော့ မီးလောင်မှုကကျတော့ ဒါမီးသတ်ကနေပြီးတော့ တရားစွဲပြီးတော့ သွားရမှာပေါ့ ဒီကိစ္စကို။
မေး - လောလောဆယ်မှာ လုပ်ငန်းလည်ပတ်မှု အပိုင်းကို ကျတော့ရော။
ဖြေ - လောလောဆယ် လုပ်ငန်းလည်ပတ်နေလား ဆိုတာကကျတော့ အခုဟာက လည်နေသလား။ ကျွန်တော်က တစ်ခါပေါ့။ အဲဒီဟာ အရက်ချက်စက်ရုံ ကိစ္စနဲ့ပတ်သက်ပြီး သူတို့ကို ကျွန်တော်က ခေါ်ပြောတယ်။ ခင်ဗျားတို့မှာ တိုင်ထားတာလည်း ရှိတယ်ဆိုတော့။ သူတို့က ကျွန်တော့်ကို အဲဒီတုန်းက တင်ပြတာက ကျွန်တော်တို့လုပ်ငန်း ရပ်လိုက်ပြီပေါ့။ လုပ်ငန်းမလည်တော့ဘူးလို့ တင်ပြတယ်။
မေး - တကယ်လို့ ခိုးလည်နေခဲ့မယ် ဆိုရင်ရော။
ဖြေ - ခိုးလည်နေခဲ့မယ် ဆိုရင်တော့ ဇုန်ကခွင့်မပြုတဲ့ဟာကို၊ ခုနကပြောသလို တားထားတဲ့ဟာကို ခိုးလည်တယ် ဆိုရင်တော့ သူ့ဒီလုပ်ငန်းပိုင်းဆိုင်ရာကို ဇုန်ကော်မတီကနေပြီးတော့ ထပ်ပြီးတော့ ကြီးကြပ်မှုနဲ့ ဆက်ပြီးတော့ လုပ်ရမှာပေါ့။
မေး - အခုလက်ရှိက အဲဒီစက်ရုံကို ဇုန်က လည်ပတ်မှု ရပ်ဆိုင်းထားတာလား။ ခဏတား ထားတာလား။
ဖြေ - ဒီလိုဗျ။ ကျွန်တော် သိသလောက်ကကျတော့ ဇုန်က အဲဒီလိုမျိုးတော့ မဟုတ်ဘူး။ တိုင်ထားတာရှိတယ်။ ပတ်ဝန်းကျင်က ခွင့်မပြုဘူး။ တိုင်ထားတာ ရှိတယ်။ တိုင်ထားတယ် ဆိုလို့ရှိရင် သက်တမ်းတိုးလို့ မရဘူး။ ပြီးတော့ နောက်တစ်ချက်က ကျတော့လည်း ဒီရေဆိုးစနစ်ပေါ့။ ရေဆိုးစနစ် မရှိရင်လည်း လည်လို့မရဘူး ဆိုပြီးဖြစ်တာ။ ဒါပေမဲ့ ရေဆိုးစနစ်မရှိရင် လည်လို့မရဘူးဆိုတဲ့ ဟာမှာကျတော့ သူက ရေဆိုးစနစ် တပ်ထားတယ်။ မပြည့်စုံဘူး။ အဲဒီတော့ ကျွန်တော်တို့လည်း ဒီဘက်ခြမ်းက ရေဆိုးစနစ်ကို ပြည့်စုံအောင်တပ်။ တစ်နှစ်အချိန် Extension ပေးမယ် ဆိုတဲ့ဟာရှိတယ်။ ဒါပေမဲ့ သူကကျတော့ တိုင်ထားပြီးတော့ အဲဒီလို ဇုန်ကော်မတီကနေပြီး ထောက်ခံချက်မရတဲ့ အခါကျတော့ လုပ်ငန်းလိုင်စင် ထပ်မရဘူး။ အသစ် သက်တမ်းတိုးလို့ မရဘူး။ သက်တမ်းတိုးလို့မရတော့ ကျွန်တော်ပြောတဲ့ အခါကျတော့လည်း သူက ကျွန်တော်တို့ မလည်တော့ဘူး။ ရပ်ထားပြီပေါ့။ အဲဒီလို အနေအထား ရှိတယ်။ ဒါပေမဲ့ အခုဟာကကျတော့ ဒီမီးမတော်တဆမှု ဖြစ်တဲ့ဟာက သူတို့ခိုးလည်လို့ ဖြစ်သလားပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ခိုးလည်တယ်ဆိုရင် ပိုအပြစ်က ကြီးတော့မှာ။ ပိတ်ထားတဲ့ဟာကို ခိုးလည်ရင် ပိုအပြစ်က ကြီးမယ်။ ဒါမှမဟုတ် ခုနကပြောသလို ဒီထရန်စဖော် false ကြောင့် ဆိုလည်း ဒီထရန်စဖော်မာက ခွင့်ပြုချက်နဲ့ တပ်ထားတာ မဟုတ်တဲ့ အတွက်ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ အပြစ်ကတော့ ရှိတာတော့ ရှိသွားပြီ။
မေး - ဒီထရန်စဖော်မာက ဘယ်လိုတပ်ထားတာလဲ။
ဖြေ - ကျွန်တော်ကြည့်လိုက်တာက ဒီထရန်စဖော်မာကကျတော့ ပြောရမယ် ဆိုလို့ရှိရင် စည်ပင်ဧရိယာကိုလည်း ကျော်ပြီးတော့ တပ်ထားတယ်။ သူ့စက်ရုံထဲမှာ မဟုတ်ဘူး။ ဇုန်ကိုကျော်ပြီး တပ်ထားတာ။ အဲဒီလိုဟာမျိုးတွေ ရှိတယ်။ နယ်နိမိတ်ဘောင် ကျော်နေတာတွေရှိတယ်။ စည်ပင်လမ်း ဧရိယာထဲမှာ ဝင်နေတာဗျာ။ ဝင်နေတယ်။ ဒါပေမယ်လို့ စည်ပင်ကို အကြောင်းကြားတာ မရှိဘူး။
မေး - ထရန်စဖော်မာက မီးလောင်တာဆိုတော့ လုပ်ငန်းလည်လို့ ဖြစ်တာပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ သွားကြည့်လို့ အဲဒီလိုမျိုး တွေ့ရှိလာပြီဆိုရင် ဘယ်လို ဆက်လုပ်သွားဖို့ရှိလဲ။
ဖြေ - အဲဒီလို တွေ့ရှိလာပြီဆိုရင်တော့ ခုနက ပြောသလို သူ့ကို ဒီလုပ်ငန်း လိုင်စင်ပိုင်းနဲ့ ပတ်သက်လာရင် နောက်ဆုံး ဒါသူတို့ တားမြစ်ထားတဲ့ တားမြစ်ချက်တွေကို ဖောက်တယ် ဆိုလို့ရှိရင် သူ့လုပ်ငန်း လိုင်စင်ကို ထပ်မချပေးတော့ဘဲနဲ့ ပိတ်သိမ်းလိုက်တာမျိုး၊ ဒီဇုန်ကလည်း ထောက်ခံချက် မပေးတော့တာမျိုးပေါ့။ အဲဒါမျိုးတွေ ဖြစ်လာမှာပေါ့။ ဒီဘက်က မီးလန့်လို့ ဖြစ်တဲ့ဟာက သူ့ဘာသူ ဥပဒေကြောင်းအရ သွားမယ့်ဟာလည်း ဆက်သွားပေါ့။
မေး - ဖြည့်စွက်ပြောချင်တာလေး ရှိရင်ပြောပေးပါဦး။ ဒီလို လုပ်ငန်းခွင်တွေနဲ့ ပတ်သက်လို့ပေါ့။
ဖြေ - ပြောရင်တော့ လုပ်ငန်းအနေနဲ့ ပတ်သက်လို့ကတော့ဗျာ။ ကျွန်တော်တို့ကကျတော့ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ သူတွေကိုလည်း မထိခိုက်စေချင်ဘူး။ အဲဒီလိုပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးကိုလည်း တိုးတက်လာစေချင်တယ်။ အဲဒီတော့ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့သူတွေကလည်း အကောင်းဆုံးကတော့ ဥပဒေနဲ့ အညီပေါ့။ လုပ်ငန်းတွေကို ဆောင်ရွက်ကြဖို့ ကောင်းတာပေ့ါ။ ဥပဒေနဲ့ မညီဆိုဘူးဆိုတဲ့ ဟာမျိုးမှာ ဖြစ်လာတဲ့ အခါကျရင် ကျွန်တော်တို့ကတော့ ဥပဒေနဲ့အညီ အရေးမှုအပိုင်းကိုလည်း ဥပဒေနဲ့အညီ ဖြစ်ဖို့။ အရေးယူမှု အပိုင်းကိုလည်း ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့။ ဒါကိုတော့ ကျွန်တော်တို့ ဖိဖိစီးစီး လုပ်သွားရမှာပေါ့။