အာဆင်နယ်နှင့်ပွဲကို အာရုံစိုက်ထားရန် အသင်းသားများကို ဆိုးလ်ရှား တိုက်တွန်း

အာဆင်နယ်နှင့်ပွဲကို အာရုံစိုက်ထားရန် အသင်းသားများကို ဆိုးလ်ရှား တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 8 March 2019

ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) အပြီးတွင် မန်ယူအသင်းသည် ရမှတ် (၅၈) မှတ်ဖြင့် အဆင့် (၄) နေရာ၌ ရပ်တည်နေပြီး အဆင့် (၅) နေရာမှ အာဆင်နယ်နှင့် တစ်မှတ်သာ ကွာဟသည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အာဆင်နယ်နှင့်ပွဲအား အာရုံစိုက်ထားရန် အသင်းသားများကို တိုက်တွန်းခဲ့သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် PSG အသင်းအား ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် မန်ယူအသင်းသည် မတ်လ (၁၀) ရက် (မြန်မာစံတော်ချိန် တနင်္ဂနွေည ၁၁းဝ၀ နာရီ)တွင် အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ကစားရမည်ဖြစ်သည်။

ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) အပြီးတွင် မန်ယူအသင်းသည် ရမှတ် (၅၈) မှတ်ဖြင့် အဆင့် (၄) နေရာ၌ ရပ်တည်နေပြီး အဆင့် (၅) နေရာမှ အာဆင်နယ်နှင့် တစ်မှတ်သာ ကွာဟသည်။

ဆိုးလ်ရှားက "အာဆင်နယ်ပွဲဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရာသီကုန်မှာ အဆင့် (၄) နေရာအတွင်း ရပ်တည်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အာဆင်နယ်အသင်းနဲ့ FA ဖလားပြိုင်ပွဲမှာ တွေ့ဆုံခဲ့ဖူးတာကြောင့် သူတို့အသင်းကို အနိုင်ယူဖို့ ဘယ်လောက်ခက်ခဲမှန်း ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့အနေနဲ့ အာဆင်နယ်နဲ့ပွဲကို အာရုံစိုက်မှုအပြည့်နဲ့ ကစားသွားဖို့လိုပါတယ်"ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းတာဝန်ရှိသူများသည် PSG အသင်းကို အနိုင်ရရှိပြီးနောက် ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် တစ်နှစ်လစာ ပေါင် (၇.၅) သန်းဖြင့် ခန့်အပ်ရန် စီစဉ်နေကြောင်း လည်း သတင်းများထွက်ပေါ်နေသည်။ မန်ယူအသင်းသည် နည်းပြဟောင်း မော်ရင်ဟိုကို ခန့်အပ်ခဲ့စဉ်ကမူ တစ်နှစ်လစာ ပေါင် (၁၅) သန်းအထိ ပေးချေခဲ့ရသည်။

Most Read

Most Recent