မန်ယူအသင်းဘက်သို့ ပယ်နယ်တီပေးခဲ့ရမှုကို အလွန်ဆိုးရွားသောဖြစ်ရပ်ဟု နေမာ ဝေဖန်

မန်ယူအသင်းဘက်သို့ ပယ်နယ်တီပေးခဲ့ရမှုကို အလွန်ဆိုးရွားသောဖြစ်ရပ်ဟု နေမာ ဝေဖန်
Photos : AFP
Photos : AFP
Published 7 March 2019

PSGအသင်းတိုက်စစ်မှူး နေမာက မန်ယူအသင်းအား (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် နာကျင်အချိန်ပို၌ ပယ်နယ်တီပေးခဲ့ရမှုနှင့်ပတ်သက်ပြီး အလွန်ဆိုးရွားသောဖြစ်ရပ်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

'' ဒါဟာ အလွန်ဆိုးရွားတဲ့ဖြစ်ရပ်ပါ။ သူတို့(ဒိုင်လူကြီး) လေးဦးက တီဗွီရှေ့မှာ ရုပ်သံအနှေးပြကွက်ကို ဘယ်လိုစောင့်ကြည့်ရမလဲဆိုတာ နားမလည်ခဲ့ပါဘူး'' ဟု နေမာက သူ၏ Instagramမှတစ်ဆင့် ဝေဖန်ရေးသားခဲ့သည်။

နေမာသည် ခြေဖဝါးဒဏ်ရာကြောင့် လက်ရှိတွင် အနားယူနေရပြီး ယင်းပွဲကို ပွဲကြည့်စင်မှ လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

PSG အသင်းနည်းပြ တူဟယ်လ်ကမူ နေမာ၏စိတ်ခံစားချက်ကို နားလည်သဘောပေါက်ကြောင်း ကာကွယ်ခဲ့သည်။

သို့သော် VAR ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး တူဟယ်လ်က ဒိုင်လူကြီးများကို အပြစ်တင်ရန် ငြင်းဆန်ခဲ့သည်။

တူဟယ်လ်က '' ကျွန်တော်ဟာ VAR ကို လုံးဝထောက်ခံသူတစ်ယောက်ပါ။ ကျွန်တော်ရှိနေတဲ့ဘက်ကကြည့်ရင် ဒါလော့က ဘောလုံးကိုကန်လိုက်တယ်။ ဘောလုံးကမြောက်တက်သွားပြီး ဂိုးဘားပေါ်ကျော်သွားခဲ့တယ်။ ဆုံးဖြတ်ချက်မချမှတ်မီ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးစရာတွေ များစွာရှိပါတယ်။ ကျွန်တော်ကတော့ ၅၀-၅၀ အခြေအနေလို့ပဲ ယူဆပါတယ်'' ဟု သုံးသပ်ခဲ့သည်။

Most Read

Most Recent