ပထမဆုံးပေါင်သန်း (၁ဝဝ) တန် အင်္ဂလိပ်ကစားသမား ဆန်ချို ဖြစ်လာဖွယ်ရှိ

ပထမဆုံးပေါင်သန်း (၁ဝဝ) တန် အင်္ဂလိပ်ကစားသမား ဆန်ချို ဖြစ်လာဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 5 March 2019

ဒေါ့မွန်အသင်းမှ အင်္ဂလန်တောင်ပံက စားသမား ဆန်ချိုသည် ပေါင် သန်း (၁ဝဝ) တန်သည့် ပထမဆုံးအင်္ဂလိပ်ကစားသမားဖြစ် လာဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။

၂၀၁၇ ခုနှစ်တွင် မန်စီးတီးအသင်းမှ ပြောင်းရွှေ့လာသူ ဆန်ချိုမှာ ဒေါ့မွန်အသင်းတွင် ခြေစွမ်းပြနေပြီး ယခုနှစ်အတွင်း ဥရောပအသင်းကြီးများ၏ စိတ်ဝင်စားမှုလည်း ပိုမို မြင့်တက်လာခဲ့သည်။ 

ဗြိတိန်သတင်းစာ The Telegraph က ဆန်ချိုအတွက် မန်ယူအသင်းနှင့် ပြင်သစ်ထိပ်သီး PSG တို့မှာ အပြိုင်ကမ်း လှမ်းဖွယ်ရှိနေပြီး ပြောင်းရွှေ့ကြေးမှာ ဂဏန်း (၉)လုံးပမာဏအထိ ရှိနိုင်သည်ဟု ဖော်ပြခဲ့သည်။ 

ဆန်ချိုသည် လက်ရှိ ဘွန်ဒစ်လီဂါပြိုင် ပွဲရာသီတွင် (၁၇) ပွဲပွဲထွက်ကာ (၇) ပွဲလူစားဝင် ကစားထားပြီး  (၈)ဂိုးသွင်း၊ (၁၀) ဂိုးဖန်တီးပေးခဲ့သည်။ 

အင်္ဂလိပ်ကစားသမားများထဲတွင် လက်ရှိပြောင်းရွှေ့ကြေးအမြင့်ဆုံးမှာ မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာဖြစ်ပြီး ပေါင် (၅၄) သန်း ဖြစ်သည်။

 

Most Read

Most Recent