စတုတ်စီးတီးအသင်း (၁၂၃)နှစ်ကြာတင်ရှိထားသည့် သရေပွဲမရှိစံချိန်ကို လိုက်မီရန် (၂)ပွဲသာလိုတော့ချိန်တွင် စပါးအသင်း လွဲချော်ခဲ့ရ

စတုတ်စီးတီးအသင်း (၁၂၃)နှစ်ကြာတင်ရှိထားသည့် သရေပွဲမရှိစံချိန်ကို လိုက်မီရန် (၂)ပွဲသာလိုတော့ချိန်တွင် စပါးအသင်း လွဲချော်ခဲ့ရ
Photos : AFP
Photos : AFP
Published 4 March 2019

စပါးအသင်းသည် ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် စပါး (၁-၁) အာဆင်နယ်ပွဲတွင် သရေ ရလဒ်ရရှိခဲ့ရာ စတုတ်စီးတီးအသင်း (၁၂၃)နှစ်ကြာတင်ရှိထားသည့် သရေပွဲမရှိ ပွဲဆက်အများဆုံးစံချိန်ကို ရိုက်ချိုးနိုင်မည့် အခွင့်အရေးအား လွဲချော်ခဲ့ရသည်။

စပါးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈)ပွဲကစားပြီးသည်အထိ သရေရလဒ် လုံးဝမရှိခဲ့ဘဲ (၂၀)ပွဲနိုင်၊ (၈)ပွဲရှုံးနိမ့်ခဲ့သည်။

သို့သော် ပွဲစဉ် (၂၉) တွင် လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်း နှင့် သရေကျခဲ့ခြင်းဖြစ်ပြီး ယခုရာသီ သရေပွဲမရှိစံချိန်မှာ ကျိုးပျက်သွားခဲ့သည်။

အင်္ဂလန်ဘောလုံးသမိုင်းတွင် စပါးအသင်းကဲ့သို့ သရေ ပွဲမရှိသည့်စံချိန်ကို ပွဲဆက်အများဆုံးတင်ထားသည့်အသင်း မှာ စတုတ်စီးတီးအသင်းဖြစ်ပြီး ၁၈၉၆ ခုနှစ်တွင် ပွဲ(၃၀)ဆက် တိုက် သရေပွဲမရှိအောင် ကစားခဲ့ခြင်းဖြစ်သည်။

စပါးအသင်းအနေဖြင့် နောက်ထပ်ပွဲစဉ်(၂)ပွဲသာ သရေမကျအောင် ကစား နိုင်ပါက ယင်းစံချိန်ကို လိုက်မီနိုင်မည်ဖြစ်သော်လည်း လန်ဒန် ဒါဘီတွင် သရေကျခဲ့၍ ယင်းအခွင့်အရေးကို လက်လွှတ်ခဲ့ရ ခြင်းဖြစ်သည်။

ယင်းစံချိန်မှတ်တမ်းတွင် စပါးအသင်းသည် စတုတ်စီးတီး (၁၈၉၆)၊ ဝက်စ်ဘရွန်း (၁၉၂၀)တို့၏နောက် တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

စပါး (၁-၁) အာ ဆင်နယ်ပွဲတွင် အာဆင်နယ်အသင်းမှာ ပွဲချိန် (၉၀+၁)မိနစ်၌ ပယ်နယ်တီရရှိခဲ့ပြီး ယင်းပယ်နယ်တီကို အာဆင်နယ်တိုက် စစ်မှူး အူဘာမီယန်းက ဝင်အောင်ကန်သွင်းနိုင်ခြင်းမရှိခဲ့ပေ။

အကယ်၍ ယင်းပယ်နယ်တီဂိုးရရှိခဲ့ပြီး အာဆင်နယ်အသင်း အနိုင်ရရှိခဲ့ပါက စပါးအသင်း၏ သရေပွဲမရှိစံချိန်မှတ်တမ်းမှာ ရှေ့ဆက်နိုင်မည်ဖြစ်သည်။

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲတွင် သရေပွဲမရှိ

ပွဲဆက်အများဆုံးကစားခဲ့သည့်အသင်းများ

အသင်း    ခုနှစ်    ပွဲ

စတုတ်စီးတီး    ၁၈၉၆    ၃၀

ဝက်စ်ဘရွန်း    ၁၉၂၀    ၂၉

စပါး    ၂၀၁၉    ၂၈

ဘန်လေ    ၁၉၅၄    ၂၇

ပို့စ်မောက်    ၁၉၂၉    ၂၇

ဆန်းဒါးလန်း    ၁၉၀၉    ၂၇

အက်စတွန်ဗီလာ    ၁၈၉၂    ၂၆

ဆန်းဒါးလန်း    ၁၈၉၂    ၂၆

ဘော်လ်တန်    ၁၈၉၀    ၂၁

ဂရင်းစဘီ    ၁၉၃၆    ၂၀

ဘလက်ပူးလ်    ၁၉၃၃    ၂၀