ရီးယဲလ်မက်ဒရစ်ကို ထပ်မံအနိုင်ယူခဲ့တဲ့ ဘာစီလိုနာ

ရီးယဲလ်မက်ဒရစ်ကို ထပ်မံအနိုင်ယူခဲ့တဲ့ ဘာစီလိုနာ
Photos: Reuters & Getty Images
Photos: Reuters & Getty Images
Published 3 March 2019

■ ရီးယဲလ်မက်ဒရစ် ၀-၁ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ဘာနေဗျူးကွင်းမှာ ရာကီတစ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ (၁-၀) ဂိုးနဲ့ လေးရက်အတွင်း ဒုတိယအကြိမ် အနိုင်ယူခဲ့ပါတယ်။

အရေးကြီးပွဲစဉ်ဖြစ်တာကြောင့် နှစ်သင်းစလုံး လူစုံပွဲထုတ်ခဲ့ကြပြီး အစွမ်းကုန်ကြိုးစားခဲ့ကြလို့ စပိန်ဘုရင့်ဖလားတုန်းကလိုပဲ ပွဲဟာ ကြည့်ကောင်းခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီနေ့ပွဲမှာလည်း ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ဗင်နီစီယပ်စ်ကို အဓိက အားပြုခဲ့ပြီး ဗင်နီစီယပ်စ်ကလည်း အရင်ပွဲတုန်းကလိုပဲ အလုပ်ဖြစ်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဗင်နီစီယပ်စ်ဟာ ဘာစီလိုနာအသင်းကို အလုပ်ရှု့ပ်စေခဲ့တာ မှန်ပေမယ့် အဆုံးသတ်ပိုင်းနဲ့ ဘောလုံးပေးပို့မှုပိုင်းတွေမှာတော့ အားနည်းခဲ့တာကြောင့် ရီးယဲလ်အသင်း ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။

ဘာစီလိုနာကတော့ သူတို့ရဲ့ ပုံစံအတိုင်းပဲ ကစားသွားခဲ့ပြီး မက်ဆီ၊ ရာကီတစ်တို့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေ အသီးသီးရရှိခဲ့ကြပြီး ဘာစီလိုနာအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပွဲချိန် (၂၆) မိနစ်မှာ ဆာဂျီရောဘတ်တိုရဲ့ ပေးပို့မှုကနေ ရာကီတစ်က ပြေးထွက်လာတဲ့ ရီးယဲလ်ဂိုးသမား ကော်တိုအာကို ကျော်ကာ သွင်းယူခဲ့တာပါ။

ဒီနေ့ပွဲမှာ ရီးယဲလ်အသင်းဘက်က ဗင်နီစီယပ်စ်၊ ဘာစီလိုနာအသင်းဘက်က ဆွာရက်ဇ်နဲ့ မက်ဆီတို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

ဒီပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ လာလီဂါပွဲစဉ် (၂၆) အပြီးမှာ ရီးယဲလ်အသင်းကို (၁၂) မှတ်အထိ ဖြတ်ထားနိုင်ခဲ့သလို၊ ဒုတိယနေရာက အက်သလက်တီကိုအသင်းကိုလည်း (၁၀) မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့် လာလီဂါချန်ပီယံဆုကိုကာကွယ်နိုင်ဖို့ ခြေလှမ်းတစ်လှမ်းတိုးသွားနိုင်ခဲ့ပါတယ်။

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

စပါး ၁-၁ အာဆင်နယ်

ဘုန်းမောက် ၀-၁ မန်စီးတီး

ဘရိုက်တန် ၁-၀ ဟတ်ဒါဖီးလ်

ဘန်လေ ၁-၃ ခရစ္စတယ်ပဲလေ့စ်

မန်ယူ ၃-၂ ဆောက်သမ်တန်

ဝုလ်ဗ် ၂-၀ ကာဒစ်ဖ်

ဝက်စ်ဟမ်း ၂-၀ နယူးကာဆယ်

လာလီဂါ

အက်စ်ပန်ညို ၃-၁ ဗယ်လာဒိုလစ်

ဗီလာရီးယဲလ် ၁-၂ အလာဗတ်စ်

ဟူဆကာ ၂-၁ ဆီဗီလာ

ရီးယဲလ်မက်ဒရစ် ၀-၁ ဘာစီလိုနာ

စီးရီးအေ

အမ်ပိုလီ ၃-၃ ပါးမား

အေစီမီလန် ၁-၀ ဆာဆူအိုလို

လာဇီယို ၃-၀ ရိုးမား

ဘွန်ဒစ်လီဂါ

ရှော်လ်ကေး ၀-၄ ဒစ်ဆယ်ဒေါ့ဖ်

လေဗာကူဆင် ၂-၀ ဖရိုင်းဘတ်

ဖရန့်ဖတ် ၃-၂ ဟော်ဖန်ဟင်မ်

ဟာသာဘာလင် ၂-၁ မိန့်ဇ်

နုရင်ဘတ် ၀-၁ လိုက်ပ်ဇစ်

မိုချန်ဂလာဘတ် ၁-၅ ဘိုင်ယန်မြူးနစ်

လီဂူး

ကိန်း ၁-၂ PSG

အန်ဂါစ် ၂-၂ မိုနာကို

Reims ၂-၂ အာမီယန်စ်

လိဂ်ချန်ပီယံရှစ်

အက်စတွန်ဗီလာ ၄-၀ ဒါဘီ

ဘရန့်ဖို့ဒ် ၃-၀ QPR

ဟားလ်စီးတီး ၂-၀ ဘာမင်ဂမ်

အစ်ဝစ်ချ် ၁-၂ ရက်ဒင်း

မီဝေါလ် ၁-၃ နောဝစ်ချ်

ပရက်စတန် ၁-၁ ဘရစ္စတိုးလ်စီးတီး

ရော့သာဟမ် ၃-၂ ဘလက်ဘန်း

စတုတ်စီးတီး ၂-၀ နော်တင်ဟမ်

ဆွမ်ဆီး ၂-၀ ဘော်လ်တန်

ဝီဂန် ၀-၀ မစ်ဒယ်ဘရော့

Most Read

Most Recent