လာဇီယိုနှင့် ရောမဒါဘီပွဲစဉ်မှာ ခက်ခဲမည်ဖြစ်ကြောင်း ရိုးမားအသင်းနည်းပြ ဒီဖရန်ဆက်စကို ပြောကြား

လာဇီယိုနှင့် ရောမဒါဘီပွဲစဉ်မှာ ခက်ခဲမည်ဖြစ်ကြောင်း ရိုးမားအသင်းနည်းပြ ဒီဖရန်ဆက်စကို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 3 March 2019

ရိုးမားအသင်းနည်းပြ ဒီဖရန်ဆက်စကိုက လာဇီယိုနှင့် ကစားမည့် ရောမဒါဘီပွဲစဉ်မှာ ၄င်းတို့အတွက် ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရောမဒါဘီပွဲစဉ်ဖြစ်သည့် လာဇီယိုနှင့် ရိုးမားပွဲကို ယနေ့ည (မြန်မာစံတော်ချိန် တနင်္ဂနွေနံနက် ၂း၃၀ နာရီ)တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

စီးရီးအေပွဲစဉ် (၂၅) အပြီးတွင် ရိုးမားအသင်းသည် ရမှတ် (၄၄) မှတ်ဖြင့် အဆင့် (၅)နေရာတွင်ရပ်တည်နေပြီး လာဇီယိုအသင်းမှာ ရမှတ် (၃၈)မှတ်ဖြင့် အဆင့် (၆)နေရာ၌ ရပ်တည်လျက်ရှိသည်။

ပထမအကျော့ရိုးမားကွင်း၌ ကစားခဲ့သည့်ပွဲစဉ်တွင် ရိုးမားအသင်းက (၃-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့သော်လည်း ယခုညကစားမည့်ပွဲစဉ်မှာ ခက်ခဲမည်ဖြစ်ကြောင်း ဒီဖရန်ဆက်စကိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီဖရန်ဆက်စကိုက ''ဒါဘီပွဲစဉ်တွေရဲ့ထုံးစံအတိုင်း ဒီပွဲစဉ်ဟာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာပါလိမ့်မယ်။ လာဇီယိုအသင်းက ကွင်းလယ်အားကောင်းပြီး တန်ပြန်တိုက်စစ်တွေကစားတာ အရမ်းကိုကောင်းပါတယ်။ ကျွန်တော်ကတော့ လာဇီယိုနဲ့ပွဲမှာ ကစားသမားတွေရဲ့အနေအထားကို ကြည့်ပြီးနည်းစနစ်ပိုင်းကို ချမှတ်သွားမှာပါ။ ဒီပွဲစဉ်မှာ လာဇီယိုအသင်းက ကျွန်တော်တို့နဲ့အမှတ်ကွာဟမှုကို လျော့ချဖို့ကြိုးစားလာပါလိမ့်မယ်။ ကျွန်တော်တို့ကလည်း အကောင်းဆုံးရလဒ်ရအောင် ကြိုးစားသွားမှာပါ'' ဟုပြောကြားသွားခဲ့သည်။

ထို့ပြင် ဒီဖရန်ဆက်စကိုက လာဇီယိုနှင့်ပွဲတွင် အသင်းကစားသမားများအနေဖြင့် အကောင်းဆုံးစွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent