ချယ်လ်ဆီးအသင်း၏နည်းပြပေါ်လစီကို အံ့အားသင့်မိသည်ဟု ဂွါဒီယိုလာ ဝန်ခံ

ချယ်လ်ဆီးအသင်း၏နည်းပြပေါ်လစီကို အံ့အားသင့်မိသည်ဟု ဂွါဒီယိုလာ ဝန်ခံ
Photos : AFP
Photos : AFP
Published 23 February 2019

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ချယ်လ်ဆီး၏အပြောင်းအလဲများသည့် နည်းပြမူဝါဒနှင့်ပတ်သက်ပြီး အံ့အားသင့်မိသည်ဟု ဝန်ခံခဲ့သည်။

ဖေဖော်ဝါရီ(၂၄)ရက်၌ လိဂ်ဖလားဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီးနှင့် မန်စီးတီးအသင်းတို့ ကစားရမည့်ပွဲရှိနေစဉ် ဂွါဒီယိုလာက ယင်းကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာသည် မန်စီးတီးအသင်းကိုကိုင်တွယ်သည့် ပထမဆုံးနှစ်အခြေအနေနှင့်ပတ်သက်ပြီး ချယ်လ်ဆီးအသင်း၏ နည်းပြမူဝါဒကို ဝေဖန်ခဲ့ခြင်းလည်းဖြစ်သည်။

'' အခြေအနေက ခြားနားပါတယ်။ ကျွန်တော့်ရဲ့ပထမဆုံးနှစ်မှာ အသင်းက ဘာသံသယမှမရှိခဲ့ပါဘူး။ ဒီပွဲရှုံးရင် ကျွန်တော့်ကို ထုတ်ပစ်တော့မယ်လို့ ဘယ်မီဒီယာမှာမှလည်း မပါပါဘူး။  ကျွန်တော် အံ့အားသင့်တာက လွန်ခဲ့တဲ့(၂)နှစ်က အန်တိုနီယို(ကွန်တီ) ပရီးမီးယားလိဂ်ဖလားရတယ်။ ဒါပေမဲ့ နောက်ရာသီအစ တစ်ပွဲ သို့မဟုတ် နှစ်ပွဲရှုံးချိန်မှာ လူတွေက သူအထုတ်ခံရတော့မယ်လို့ စတင်ပြောလာပါပြီ'' ဟု ဂွါဒီယိုလာက ဝေဖန်ခဲ့သည်။

ဂွါဒီယိုလာနှင့် ချယ်လ်ဆီးနည်းပြ ဆာရီတို့အကြား ရင်းနှီးတဲ့ဆက်ဆံရေးရှိနေပြီး ဆာရီ၏အနာဂတ်လှုပ်ခတ်နေချိန် ဂွါဒီယိုလာက ယခုကဲ့သို့ ချယ်လ်ဆီးအသင်းအပေါ် ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပရီးမီးယားလိဂ်၏ နောက်ထုတ်ပယ်ခံရမည့်နည်းပြအဖြစ် ဆာရီက အပြတ်အသတ်ရေပန်းစားနေကြောင်း သိရသည်။

 

Most Read

Most Recent