ပရီးမီးယားလိဂ်ပွဲစဉ်(၂၇) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၇) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 23 February 2019

ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲရှိပါသည်။

ဘန်လေ နှင့် စပါး (စနေည ရးဝ၀ နာရီ)

စပါးက အကောင်းဆုံးအချိန်ကိုပြန်ရောက်လာပြီး အထူးသဖြင့် ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးတွေ၊ အဲရစ်ဆင်ရဲ့ ဦးဆောင်မှုနဲ့ ဟာရီကိန်းမရှိချိန်မှာ အားကိုးနေရတဲ့ လော်ရန်တေးတို့က ဘန်လေကို ဒုက္ခပေးနိုင်လိမ့်မယ်။ ဘန်လေက နောက်ပိုင်းပွဲတွေမှာ အထင်ကြီးလောက်စရာ ရလဒ်တွေကို ယူထားတယ်။ ဒါပေမဲ့ ရှုံးပွဲတွေ့ချိန်တန်ပြီလို့ ဆိုရမှာဖြစ်ပြီး စပါးအနိုင်ကစားလိမ့်မယ်။ 

ဘုန်းမောက် နှင့် ဝုလ်ဗ် (စနေည ၉း၃၀ နာရီ)

ဒီတစ်ပတ်ပွဲတွေထဲမှာ ဒီပွဲကလည်း ဖျော်ဖြေမှုပေးနိုင်တဲ့ပွဲတစ်ပွဲဖြစ်လာနိုင်တယ်။ ဘုန်းမောက်က အိမ်ကွင်းနောက်ဆုံး(၂)ပွဲမှာ ဝက်စ်ဟမ်းနဲ့ ချယ်လ်ဆီးတို့ကို အနိုင်ကစားထားသလို၊ ဝုလ်ဗ်ရဲ့Current Form ကလည်း တော်တော်အားရစရာကောင်းတာကို တွေ့ရတယ်။ ချယ်လ်ဆီးနဲ့ပွဲတုန်းက ခြေစွမ်းမျိုးက ဝုလ်ဗ်ကိုလည်း အနိုင်ကစားနိုင်စွမ်းရှိပေမယ့် ပွဲတိုင်းဒီလိုလုပ်ပြနို်င်ဖို့မလွယ်ပါဘူး။ ဝုလ်ဗ် သရေတော့ကစားနိုင်လိမ့်မယ်။ 

နယူးကာဆယ် နှင့် ဟတ်ဒါဖီးလ် (စနေည ၉း၃၀ နာရီ)

နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ နယူးကာဆယ်က ဝုလ်ဗ်အသင်းကို အနိုင်ရလုနီးပါး ကစားနိုင်ခဲ့တာ တွေ့ရတယ်။ နယူးကာဆယ်က အခုအချိန်အထိ တန်းဆင်းဇုန်အန္တရာယ်ရှိနေဆဲပါ။ ဒါပေမဲ့ ရလဒ်တွေ ဆက်တိုက်ဆိုးနေတဲ့ ဟတ်ဒါဖီးလ်က ဘင်နီတက်ဇ်ရဲ့အသင်းကို Turning Point ဖြစ်လာစေမှာဖြစ်ပြီး တန်းဆင်းဇုန်နဲ့ဝေးအောင် ကူညီမယ့်ပွဲမျိုးဖြစ်ပါတယ်။ နယူးကာဆယ် အနိုင်သေချာတယ်။ 

လက်စတာ နှင့် ခရစ္စတယ်ပဲလေ့စ် (စနေည ၁၂းဝ၀ နာရီ)

ပရီးမီးယားလိဂ်ရဲ့ Bottom Half က အသင်းနှစ်သင်းဖြစ်ပြီး လက်စတာကတော့ စိတ်ချရတဲ့ အနေအထားမှာရှိပါတယ်။ နောက်ပိုင်းပွဲတွေမှာ လက်စတာက ဆက်တိုက်ပွဲကျပ်ခဲ့ပြီး ရလဒ်တွေလည်း ဆိုးနေတယ်။ ပဲလေ့စ်ကတော့ နောက်ဆုံး (၃)ပွဲဆက်ရှုံးပွဲမရှိခဲ့ဘူး။ လက်စတာက ရလဒ်ဆိုးတွေကနေ ရုန်းထွက်သင့်ပြီဆိုပေမယ့် ပဲလေ့စ်ကလည်း အနိုင်ယူဖို့ ခက်တဲ့အသင်းမျိုးပါ။ (၂-၂)လောက်နဲ့ သရေကျသွားနိုင်တယ်။ 

 

Most Read

Most Recent