ရာသီကုန်တွင် အဆင့် (၄)အတွင်းဝင်ရန် အာရုံစိုက်ထားကြောင်း မန်ယူနည်းပြ ဆိုးလ်ရှား ပြောကြား

ရာသီကုန်တွင် အဆင့် (၄)အတွင်းဝင်ရန် အာရုံစိုက်ထားကြောင်း မန်ယူနည်းပြ ဆိုးလ်ရှား ပြောကြား
Photo: MUTV
Photo: MUTV
Published 22 February 2019

မန်ယူအသင်း၏ ယာယီနည်းပြ ဆိုးလ်ရှားက ယခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃) သင်းအပြိုင်လုရမည်ဖြစ်ကြောင်းနှင့် မိမိအနေဖြင့် ရာသီကုန်တွင် အဆင့် (၄)အတွင်းဝင်ရန် အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၆)အပြီးတွင် ရမှတ် (၅၁) မှတ်ဖြင့် အဆင့် (၄) နေရာ၌ ရပ်တည်နေသော်လည်း အဆင့်(၅) နှင့် အဆင့် (၆)မှ အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့နှင့် (၁) မှတ်သာ ကွာဟပြီး ခြေချော်၍မရသည့် အနေအထားဖြစ်သည်။

လီဗာပူးလ်နှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက မန်ယူအသင်း၏ အခါးသီးဆုံးပြိုင်ဘက်များဖြစ်သည့် မန်စီးတီးနှင့် လီဗာပူးလ်တို့က ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည်ကို မြင်ရသည်မှာ ခံရခက်သလားဟု ဆိုးလ်ရှားကို မေးမြန်းခဲ့သည်။

ယင်းမေးခွန်းကို ဆိုးလ်ရှားက "ကျွန်တော် တခြားအသင်းတွေအကြောင်း စိတ်မဝင်စားပါဘူး။ ကျွန်တော်က ကိုယ့်အသင်းအကြောင်းကိုပဲ ကိုယ်စိတ်ဝင်စားတယ်။ ကျွန်တော်တို့ ရည်မှန်းချက်တွေ ပြည့်ဝလာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုပဲ ကျွန်တော် အာရုံစိုက်ထားတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် (၃) သင်းအပြိုင်လုရမှာပါ။ ကျွန်တော်တို့ကတော့ ရာသီအကုန်မှာ အဆင့် (၄)အတွင်း ဝင်ဖို့ကိုပဲ အာရုံစိုက်ထားပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့နောက် သတင်းထောက်များက ပရီးမီးယားလိဂ်ချန်ပီယံဆုအား စပါးအသင်းကို ရစေချင်သလား မေးမြန်းခဲ့ရာ ဆိုးလ်ရှားက "ဖြစ်နိုင်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ဆိုးလ်ရှားက လာမည့် တနင်္ဂနွေနေ့တွင် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ကစားမည့် လီဗာပူးလ်နှင့်ပွဲစဉ်မှာ ၎င်းတို့နှစ်သင်းစလုံးအတွက် အလွန်အရေးကြီးကြောင်းနှင့် လိုအပ်ပါက မန်ယူအသင်းသားများကို အားပေးစကားပြောကြားရန် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကိုပါ ဖိတ်ခေါ်သွားမည်ဖြစ်ကြေင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent