ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Twitter
Photo : Twitter
Published 18 February 2019

ချယ်လ်ဆီး နှင့် မန်ယူ (အင်္ဂါနံနက် ၂းဝ၀ နာရီ)

နှစ်သင်းစလုံးက ကြီးကြီးမားမား Shock ရထားတာ မကြာသေးတာတွေ့ရတယ်။ ချယ်လ်ဆီးက မန်စီးတီးကို ဂိုးဒါဇင်ဝက်နဲ့ရှုံးထားသလို၊ မန်ယူအသင်းကလည်း PSG နဲ့ပွဲမှာ ဆိုးလ်ရှားလက်ထက် ပထမဆုံးရှုံးပွဲတွေ့ထားတာကို တွေ့ရတယ်။ လက်ရှိအနေအထားအရ ချယ်လ်ဆီးက မန်ယူရဲ့ကျော်တက်ခြင်းကို ခံထားရတာ၊ နည်းပြနဲ့ ကစားသမားတွေကြား ဆက်ဆံရေး တင်းမာနေတာတွေရှိနေပြီး၊ မော်ရင်ဟိုလက်ထက် မန်ယူရဲ့အခြေအနေမျိုးလို့လည်း ပြောလို့ရတယ်။ ခြေစွမ်းအရ မန်ယူက အနည်းငယ်ပိုကောင်းနေတဲ့အချိန်ဖြစ်ပြီး ချယ်လ်ဆီးကတော့ အိမ်ကွင်းအားသာချက်ရှိနေလို့ သိပ်မကွာကြဘူး။ ကွင်းလယ်မှာ ပေါ့ ဘာ-မာတစ်-ဟာရဲရားတို့ရဲ့ မန်ယူက ပိုကောင်းနေပြီး အုပ်စုဖွဲ့ကစားပုံတင်မဟုတ်ဘဲ ခံစစ်ကို ကာကွယ်ပေးနိုင်တဲ့အပိုင်းတွေ မှာ ပိုသိသာတယ်။ တိုက်စစ်နဲ့ ကွင်းလယ်ချိတ်ဆက်ပုံကတော့ နှစ်သင်းစလုံးသိပ်မကွာဘဲ ဟာဇက်ကိုတော့ မန်ယူခံစစ် တော်တော်လေးထိန်းချုပ်ရလိမ့်မယ်။ သရေကျဖို့များပြီး၊ အနိုင်ဆိုရင်တော့ အိမ်ရှင်ချယ်လ်ဆီးကို ကြိုက်တယ်။

ဟူဆကာ နှင့် ဘီလ်ဘာအို (အင်္ဂါနံနက် ၂း၃၀ နာရီ)

ဟူဆကာရဲ့ရုန်းအားက ဘီလ်ဘာအိုကိုအခက်တွေ့စေနိုင်တယ်။ ဒါ့အပြင် ခံစစ်ပိုင်းကလည်း ဂိုးမပေးရအောင်ကစားတတ်နေလို့ ဘီလ်ဘာအိုအတွက် မလွယ်လောက်ပါဘူး။ နှစ်ပွဲဆက်အနိုင်ရလဒ်နဲ့ တန်းတက်ဇုန်က ရုန်းထွက်နေတဲ့အပြင် အိမ်ကွင်းလည်းဖြစ်လို့ ဟူဆကာပဲကြိုက်တယ်။

ရိုးမား နှင့် ဘိုလော့ဂ်နာ (အင်္ဂါနံနက် ၂းဝ၀ နာရီ)

ရိုးမားရဲ့ခြေစွမ်းက မှန်းဆရခက်နေဆဲပဲ။ လူငယ်တွေခြေစွမ်းပြနေပေမယ့် စိတ်ပိုင်းဆိုင်ရာယုံကြည်ချက် အားပျော့တဲ့ပွဲတွေ မကြာခဏမြင်ရလေ့ရှိတယ်။ ပြီးခဲ့တဲ့ချီယေဗိုနဲ့ စီးရီးအေပွဲမှာ ဂျက်ကို ဂိုးပေါက်ပြန်တွေ့ခဲ့တာ ရိုးမားအတွက် အားတက်စရာလို့ဆိုရမယ်။ ဘိုလော့ဂ်နာက အဝေးကွင်းနောက်ဆုံးပွဲမှာ အင်တာမီလန်ကို အနိုင်ကစားပြီး ဒုက္ခပေးထားတယ်။ တိုက်စစ်မှာ ဆန်တန်ဒါ၊ ပလာစီယို၊ ပိုလီတို့ရဲ့ တွဲလုံးတွေကောင်းမွန်ပါတယ်။ ရိုးမား (၂)ဂိုးပြတ်မပြတ်စဉ်းစားရမယ်။

နုရင်ဘတ် နှင့် ဒေါ့မွန် (အင်္ဂါနံနက် ၂းဝ၀ နာရီ)

(၂)ပွဲဆက် နိုင်ပွဲပျောက်ထားမှုက ဒေါ့မွန်အတွက် ဖိအားအနည်းငယ်ရှိလာပါပြီ။ နုရင်ဘတ်အသင်း ဇယားအောက်ဆုံး ပြန်ရောက်သွားပေမယ့် အိမ်ကွင်းဖြစ်လို့  ဖောင်ဖျက်ကစားလာနိုင်တယ်။ ဒေါ့မွန် ဂိုးပြတ်နိုင်ဖို့မလွယ်ဘူး။

ယနေ့တွင် ပွဲစဉ်(၄)ပွဲရှိပါသည်။