လူအများက မိမိတို့အသင်းကို အထင်သေးနေကြသည်ဟု ပိုချက်တီနိုပြောကြား

လူအများက မိမိတို့အသင်းကို အထင်သေးနေကြသည်ဟု ပိုချက်တီနိုပြောကြား
Published 14 February 2019

စပါးအသင်းနည်းပြ ပိုချက်တီနိုက မိမိတို့အသင်းကို လူအများက အထင်သေးနေကြသည်ဟု

ပြောကြားလိုက်ပြီး ဒေါ့မွန်အသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းပွဲစဉ်

အပြီးတွင် အသင်းမှ ကစားသမားများအား "သူရဲကောင်းများ"ဟု ချီးကျူးပြောကြားခဲ့ကြောင်း သိရသည်။

စပါးအသင်းသည် ဒေါ့မွန်အသင်းအား ဆွန်ဟောင်မင်၊ ဗာတွန်ဂန်၊ လော်ရန်တေးတို့၏

ဒုတိယပိုင်းသွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ရန်

အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်သွားခဲ့ပြီဖြစ်သည်။ 

"ကျွန်တော်တို့အသင်းက အကောင်းဆုံးတိုက်ပွဲဝင်ခဲ့ပါတယ်။ ကျွန်တော် သူတို့အတွက် ဂုဏ်ယူတယ်။

သူတို့တွေက ချီးကျူးဂုဏ်ပြုမှုနဲ့ လုံးဝထိုက်တန်တဲ့သူတွေပါ။ သူတို့ လုပ်ပြခဲ့တာက အံ့မခန်းပါပဲ"ဟု

ပိုချက်တီနိုက အသင်းကစားသမားများအား ဂုဏ်ပြုစကားဆိုခဲ့သည်။

စပါးအသင်းသည် အုပ်စုအဆင့်မှ ထွက်ရရန် ရာခိုင်နှုန်းများသော အခြေအနေမှ ရှုံးထွက်အဆင့်သို့

တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ရှုံးထွက်(၁၆)သင်းအဆင့်တွင် ဘွန်ဒစ်လီဂါကို ဦးဆောင်နေသော

ဒေါ့မွန်အသင်းအား အဓိကကစားသမားများဖြစ်သော ဟာရီကိန်း၊ ဒယ်လီအယ်လီ၊ ဒန်နီရို့စ်တို့ မပါဝင်ဘဲ

ရင်ဆိုင်ကစားခဲ့ရသော်လည်း ဂိုးပြတ်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဂိုးပြတ်အနိုင်ရခဲ့သော်လည်း ဒုတိယအကျော့အား သတိထားယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပိုချက်တီနိုက "(၃-

၀)ဂိုးဆိုတာ တကယ်ကောင်းတဲ့ ရလဒ်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့လည်း

တွေးထားရပါမယ်။ ဒီလိုပြိုင်ပွဲ၊ ဒီလိုပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်တွေတိုင်းက အရမ်းခက်ခဲပါတယ်" ဟု

ပြောကြားခဲ့သည်။

ထို့ပြင် ခြေစွမ်းပြဂိုးများဆက်တိုက်သွင်းယူနေသည့် ဆွန်ဟောင်မင်အား ပိုချက်တီနိုက "ဆွန်က မယုံနိုင်စရာ

ထပ်လုပ်ပြသွားပြန်ပါပြီ။ သူက အသင်းအတွက် အများကြီးအထောက်အကူပြုနေတဲ့ ကစားသမားလို့

ကျွန်တော်ထင်တယ်။ သူ့မှာ အပြုံးလေးနဲ့အတူ စွမ်းအင်တွေ အများအပြား ရှိနေပါတယ်။ သူ့ရဲ့

စွမ်းဆောင်ရည်က တစ်ပွဲထက် တစ်ပွဲ တိုးတက်လာနေပါတယ်"ဟု ချီးကျူးခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent