ဘောလုံးလောက၏ ပုံရိပ်အကြီးမားဆုံးအသင်းအဖြစ် ရီးယဲလ်အသင်းကို ပြင်သစ်ဘောလုံးမဂ္ဂဇင်း ရွေးချယ်ခဲ့ပြီး ဘာစီလိုနာ ဒုတိယနေရာတွင် ရပ်တည်

ဘောလုံးလောက၏ ပုံရိပ်အကြီးမားဆုံးအသင်းအဖြစ် ရီးယဲလ်အသင်းကို ပြင်သစ်ဘောလုံးမဂ္ဂဇင်း ရွေးချယ်ခဲ့ပြီး ဘာစီလိုနာ ဒုတိယနေရာတွင် ရပ်တည်
Photos : AFP
Photos : AFP
Published 12 February 2019

ဘောလုံးလောကတွင် လူသိများပြီး Ballon d'Or ဆု ရွေးချယ်ရာတွင် ကမကထ ပြုနေသော ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဘောလုံးလောက၏ ပုံရိပ်အကြီးမားဆုံး ကလပ်အသင်း(၃၀)စာရင်းကို ထုတ်ပြန်ခဲ့ရာ ရီးယဲလ်အသင်းက နံပါတ်(၁)နေရာရရှိခဲ့ကြောင်း သိရှိရသည်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်း၏ အယ်ဒီတာ အဖွဲ့သည် လက်ရှိကစားသမားပိုင်ဆိုင်မှုအနေအထား၊ ရုပ်သံပရိသတ်၊ လူမှုကွန်ရက်မှ အား ပေးမှု၊ ကွင်းအတွင်းလာရောက်ကြည့်ရှုသည့် ပျမ်းမျှပရိသတ်နှုန်းထား၊ အသင်း၏ ဝင်ငွေထွက်ငွေ၊ စျေးကွက်တန်ဖိုး၊ သမိုင်းအစဉ်အလာစသည့်အချက်များအပေါ် အခြေခံကာ ယခုစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် ကလပ်အသင်း(၈၅)သင်းကို ဦးစွာရွေးချယ်ခဲ့ပြီး ယင်းအထဲမှ ကလပ်အသင်း(၃၀)ကို ဆန်ခါတင်ရွေးထုတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိ ရသည်။ 

ပြင်သစ်ဘောလုံးမဂ္ဂဇင်းအယ်ဒီတာအဖွဲ့၏ အမှတ်ပေးရွေးချယ်မှုအရ ရီးယဲလ်အသင်းသည် (၁၈၄)မှတ်ဖြင့် ပုံရိပ်အကြီးမားဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ပြီး ဘာစီလိုနာအသင်းက (၁၇၇)မှတ်ဖြင့် ဒုတိယနေရာရရှိခဲ့သည်။ 

သို့သော် ထိပ်ဆုံး(၁၀)သင်းစာရင်းတွင် စပိန်ကလပ်များထဲမှ ယင်းနှစ်သင်းသာ ပါဝင် ခဲ့ပြီး အင်္ဂလန်ကလပ်များက (၅)သင်းအထိ ပါဝင်ခဲ့သည်။ 

မန်ယူ၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီးနှင့် အာဆင်နယ်အသင်းတို့ဖြစ်ပြီး မန်ယူအသင်းက (၁၅၁)မှတ်ဖြင့် တတိယ နေရာရရှိခဲ့ကြောင်းလည်း သိရှိရသည်။

ထိပ်ဆုံး(၁၀)သင်း

အသင်း        ရမှတ်

ရီးယဲလ်        ၁၈၄ မှတ်

ဘာစီလိုနာ    ၁၇၇ မှတ်

မန်ယူ        ၁၅၁ မှတ်

ဘို်င်ယန်မြူးနစ်    ၁၃၅ မှတ်

လီဗာပူးလ်    ၁၂၀ မှတ်

ဂျူဗင်တပ်စ်    ၁၀၇ မှတ်

PSG        ၉၄ မှတ်

ချယ်လ်ဆီး    ၉၁ မှတ်

မန်စီးတီး        ၈၉ မှတ်

အာဆင်နယ်     ၈၈ မှတ်

Most Read

Most Recent