ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 8 February 2019

ဗယ်လာဒိုလစ် နှင့် ဗီလာရီးယဲလ် (စနေနံနက် ၀၂:၃၀ နာရီ)

ဗယ်လာဒိုလစ် ဇယားအောက်ပိုင်းနားကို တဖြည်းဖြည်းရောက်လာပေမယ့် အိမ်ကွင်းအားနဲ့တော့ ကစားပြနိုင်ဆဲပါပဲ။ ဗီလာရီးယဲလ်ကတော့ နိုင်ပွဲတစ်ပွဲအတွက် အတော်လေးကို ရုန်းနေရပြီး မကြာခင်ကမှ ထုတ်ပယ်ထားတဲ့ ကယ်လီယာကိုတောင် နည်းပြနေရာပြန်ပေးထားရတဲ့အထိ လုပ်ပုံတွေမှားနေတယ်။ ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပဲကောင်းမယ်။

ချီယေးဗို နှင့် ရိုးမား (စနေနံနက် ၀၂:၀၀ နာရီ)

တန်းဆင်းဇုန်လွတ်မြောက်ရေးလမ်းစဉ်ဆီ ချီယေဗို အသည်းအသန်ရုန်းကန်နေပေမယ့် ထင်သလောက်ဖြစ်မလာသေးဘူး။ ဒါပေမဲ့ ဒီရာသီအိမ်ကွင်းမှာ ချီယေဗိုက စီးရီးအေထိပ်သီးအသင်းတွေကို ဒုက္ခပေးထားနိုင်တယ်။ လာဇီယို၊ အင်တာမီလန်တို့ဟာ ချီယေဗိုကွင်းမှာ အောင်ပွဲပျောက်ဆုံးခဲ့ပြီး ဖီအိုရင်တီးနားလည်း ဂိုးမပြတ်ဘဲသာအနိုင်ရခဲ့တယ်။ တိုက်စစ်မတည်ငြိမ်သေးတဲ့ ရိုးမားအလွန်ဆုံးကပ်နိုင်ရုံပါပဲ။

မိန့်ဇ် နှင့် လေဗာကူဆင် (စနေနံနက် ၀၂:၀၀ နာရီ)

လေဗာကူဆင်အသင်းရဲ့လတ်တလောရလဒ်တွေက အထင်ကြီးစရာကောင်းပါတယ်။ ဒါပေမဲ့ မိန့်ဇ် အမှတ်ရသွားခဲ့ရင် အံ့ဩစရာမရှိပါဘူး။

ဒီယွန်း နှင့် မာဆေးလ် (စနေနံနက် ၀၂:၁၅ နာရီ)

ဒီယွန်းက ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး တန်းဆင်းဇုန်နဲ့ တဖြည်းဖြည်းကပ်လာတယ်။ မာဆေးလ်က အဝေးကွင်းမှာ စိတ်မချရတတ်ပေမယ့် ဒီပွဲကိုတော့ အနိုင်ကန်လိမ့်မယ်။