ဒေါ့မွန်အသင်း၏ ဘွန်ဒစ်လီဂါဂိုးသွင်းအများဆုံးစာရင်းတွင် လီဝန်ဒေါစကီးကို မာကိုရွိုက်စ် ကျော်ဖြတ်

ဒေါ့မွန်အသင်း၏ ဘွန်ဒစ်လီဂါဂိုးသွင်းအများဆုံးစာရင်းတွင် လီဝန်ဒေါစကီးကို မာကိုရွိုက်စ် ကျော်ဖြတ်
Photos : Twitter
Photos : Twitter
Published 28 January 2019

အဆိုပါပွဲစဉ်၌ ဂေါ့ဇီနှင့် မာကိုရွိုက်စ်တို့နှစ်ဦးစလုံး ဂိုးသွင်းနိုင်ခဲ့ခြင်းမှာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။ 

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရွိုက်စ်သည် အသင်း၏ ဘွန်ဒစ်လီဂါဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် လီဝန်ဒေါစကီးကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရ သည်။ 

အသက် (၂၉)နှစ် အရွယ်ရှိ ဂျာမန်တိုက်စစ်ကစားသမား မာကိုရွိုက်စ်သည် ဟန်နိုဗာအသင်းအား (၅-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲစဉ်တွင် ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ဒေါ့မွန်အသင်းအတွက် ၎င်း၏ ဘွန်ဒစ်လီဂါသွင်းဂိုးမှာ (၇၅)ဂိုးအထိ ရှိလာခဲ့သည်။ 

ထို့ကြောင့် ဒေါ့မွန်အသင်းတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိကစားခဲ့ပြီး အသင်းအတွက် ဘွန်ဒစ်လီဂါသွင်းဂိုး (၇၄)ဂိုး သွင်းယူနိုင်ခဲ့သည့် ဘိုင်ယန် မြူးနစ်အသင်းမှ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ကျော် ဖြတ်ကာ အဆင့် (၆)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ 

ထို့ပြင် အဆိုပါပွဲစဉ်၌ ဂေါ့ဇီနှင့် မာကိုရွိုက်စ်တို့နှစ်ဦးစလုံး ဂိုးသွင်းနိုင်ခဲ့ခြင်းမှာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။ 

ဒေါ့မွန်အသင်းအတွက် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ဂိုးအများဆုံးသွင်းယူထားသူများ

အမည်            ကာလ    ပွဲ    ဂိုး

ဘတ်မူလာ        ၁၉၇၆-၁၉၈၃    ၂၂၄    ၁၃၅

မိုက်ကယ်ဇော့     ၁၉၈၁-၁၉၉၈    ၄၆၃    ၁၃၁

အမ်မာရစ်ချ်        ၁၉၆၀-၁၉၆၉    ၁၈၃    ၁၁၅

ချာပူဆက်        ၁၉၉၁-၁၉၉၉    ၂၁၈    ၁၀၂

အူဘာမီယန်း        ၂၀၁၃-၂၀၁၈    ၁၄၄    ၉၈

မာကိုရွိုက်စ်        ၂၀၁၂-    ၁၅၄    ၇၅

လီဝန်ဒေါစကီး    ၂၀၁၀-၂၀၁၄    ၁၃၁    ၇၄

Most Read

Most Recent