မန်ယူအသင်းနှင့်အတူ ကစားသမားဘဝ တိုးတက်အောင်ကြိုးစားသွားမည်ဟု တွမ်မီနေး ပြောကြား

မန်ယူအသင်းနှင့်အတူ ကစားသမားဘဝ တိုးတက်အောင်ကြိုးစားသွားမည်ဟု တွမ်မီနေး ပြောကြား
Photo: Getty Images
Photo: Getty Images
Published 23 January 2019

မန်ယူအသင်းကွင်းလယ်လူ တွမ်မီနေးက ၄င်းအနေဖြင့် အသင်းနှင့်အတူ သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာကြောင်းနှင့်ကစားသမားဘဝတိုးတက်အောင် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အသက် (၂၂) နှစ်အရွယ်ရှိ စကော့တလန်ကွင်းလယ်လူ တွမ်မီနေးသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၈) ပွဲသာ ပါဝင်ကစားခွင့်ရထားသော်လည်း အလားအလာရှိသည့် လူငယ်တစ်ဦးဖြစ်သဖြင့် မန်ယူအသင်းက တစ်ပတ်လစာပေါင် (၃၀၀၀၀) ဝန်းကျင်ဖြင့် ၂၀၂၃ ခုနှစ်အထိသက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သည်။

တွမ်မီနေးက " မန်ယူအသင်းဟာ ကျွန်တော်အသက် (၅) နှစ်အရွယ်ကတည်းက အားပေးလာတဲ့ အသင်းဖြစ်ပါတယ်။ အခုတော့ ကျွန်တော်အသည်းစွဲအားပေးခဲ့တဲ့ အသင်းအတွက် ကစားခွင့်ရရှိနေပါပြီ။ ဒါတွေက ကျွန်တော်ဖြစ်ချင်တာတွေအားလုံးပါပဲ။ ကျွန်တော် ငယ်ပါသေးတယ်။ ကျွန်တော်ဟာ အသင်းရဲ့နည်းပြ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေဆီက နေ့တိုင်းလေ့လာသင်ယူခွင့်တွေ ရရှိနေပါတယ်။ အမြဲတမ်းလည်း သူတို့ဆီက ကျွန်တော် သင်ယူနေပါတယ်။ ကမ္ဘာပေါ်မှာ အကြီးကျယ်အခမ်းနားဆုံး မန်ယူအသင်းနဲ့အတူ ကျွန်တော့်ရဲ့ကစားသမားဘဝကို တိုးတက်အောင်တည်ဆောက်သွားမှာပါ'' ဟုပြောကြားခဲ့သည်။

တွမ်မီနေးသည် မန်ယူအကယ်ဒမီထွက်လူငယ်တစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ မေလ (၇) ရက်နေ့က ကစားခဲ့သည့် အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူအသင်းအတွက် စတင်ပွဲထွက်ခဲ့သူဖြစ်သည်။

တွမ်မီနေးသည် အသင်းအတွက် (၃) ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၃၃) ပွဲကစားထားသော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပေ။

Most Read

Most Recent