ကစားသမားဘဝတစ်လျှောက်လုံး နည်းပြများ၏တွန်အားပေးမှုနှင့် ရင်ဆိုင်ခဲ့ရပြီး နောင်တွင်လည်း ယင်းအတိုင်းဖြစ်လိမ့်ဦးမည်ဟု ဟာဇက် ဆို

ကစားသမားဘဝတစ်လျှောက်လုံး နည်းပြများ၏တွန်အားပေးမှုနှင့် ရင်ဆိုင်ခဲ့ရပြီး နောင်တွင်လည်း ယင်းအတိုင်းဖြစ်လိမ့်ဦးမည်ဟု ဟာဇက် ဆို
Photos : Gettyimages, AFP
Photos : Gettyimages, AFP
Published 22 January 2019

ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်က မိမိအနေဖြင့် ကစားသမားဘဝတစ်လျှောက်လုံး နည်းပြများ၏ တွန်းအားပေးမှုနှင့် ရင်ဆိုင်ခဲ့ရပြီး နောင်တွင်လည်း ယင်းအတိုင်း ဖြစ်လာလိမ့်ဦးမည်ဟု ပြောကြားခဲ့သည်။

ဟာဇက်သည် ချယ်လ်ဆီးအသင်း၏ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်း ဆန်ထားပြီး ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ ရန် စိတ်အားထက်သန်နေသူဖြစ်သည်ဟု သုံး သပ်ခံထားရသည်။

ယင်းအခြေအနေအတွက် မေးမြန်းခဲ့ရာတွင် ဟာဇက်က အပြောင်းအရွှေ့ နှင့်ပတ်သက်၍ အတိအလင်း ဖြေကြားခြင်း မရှိခဲ့သော်လည်း နည်းပြတိုင်းက မိမိကို လို အင်ဆန္ဒကြီးမားစွာဖြင့်  တွန်းအားပေးလိမ့်ဦး မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟာဇက်က ''နည်းပြတိုင်းက ကျွန်တော့်ကို ကစားချင်သလို မကစားရအောင် တွန်းအားပေးခဲ့ကြပါတယ်။ သူတို့က ကျွန်တော့်ကို အခု ထက် ဂိုးတွေ ပိုသွင်းစေချင်ကြပါတယ်။ ကွန် တီ တစ်ယောက်တည်းတင် မဟုတ်ပါဘူး။ မော်ရင်ဟိုတုန်းကလည်း ဒီအတိုင်းပါပဲ၊ အခု ဆာရီလည်း ဒီအတိုင်းပါပဲ၊ နောက်နည်းပြ လည်း ဒီအတိုင်းပဲ ဖြစ်ပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။

ဟာဇက်သည် ၂၀၁၂ ခုနှစ်က လိုင်လီအသင်းမှ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး လာမည့်ရာသီတွင် အသင်းနှင့် စာ ချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းက သက်တမ်းတိုးရန် ကြိုးပမ်းနေသော်လည်း ၎င်းင်းက လက်မခံသည့်အတွက် ချယ်လ်ဆီးအသင်းက မြင့် မားသည့်ပြောင်းရွှေ့ကြေးဖြင့် ရောင်းထုတ် ဖွယ်ရှိနေကြောင်းလည်း နီးစပ်သူများက သုံးသပ်နေကြသည်။

ချယ်လ်ဆီးအသင်းတွင် ဆက်ရှိနေခြင်းနှင့်ပတ်သက်၍လည်း ဟာဇက်က ''၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ချယ်လ်ဆီးအသင်းကို ကျွန်တော် စွန့်ခွာချင် ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းမှာ ဆက်နေဖို့ ဆုံး ဖြတ်ခဲ့ပါတယ်။ ဒါဟာ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ဖို့လိုအပ်တယ်လို့ မထင်တာကြောင့် တော့ မဟုတ်ပါဘူး။ ဒီထက် ပိုကောင်းတဲ့အ ခွင့်အရေး မရှိဘူးဆိုတဲ့သဘောလည်း မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။

ဟာဇက်သည် ချယ်လ်ဆီးအသင်း၌ ယခုထက်ပို၍ အောင်မြင်မှုရရှိရန် မလွယ်ကူသောကြောင့် လာလီဂါထိပ်သီး ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီး ယခုစျေးကွက်တွင်ပင် အကြိုသဘောတူညီမှု ရရှိဖွယ်ရှိနေသည်ဟုလည်း သုံးသပ်ခံထားရသည်။

Most Read

Most Recent