နောက်ဆုံးဆေးစစ်ချက်အရ သီဟစည်သူ၏ ဒဏ်ရာမှာ ဘယ်လက်သူကြွယ်အရိုးကျိုးခြင်းမရှိဘဲ အဆစ်လွဲခြင်းသာဖြစ်

နောက်ဆုံးဆေးစစ်ချက်အရ သီဟစည်သူ၏ ဒဏ်ရာမှာ ဘယ်လက်သူကြွယ်အရိုးကျိုးခြင်းမရှိဘဲ အဆစ်လွဲခြင်းသာဖြစ်
Photo: EMG
Photo: EMG
Published 19 January 2019

 

ရတနာပုံအသင်းနှင့် ကစားခဲ့သော MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) တွင် ဒဏ်ရာရရှိခဲ့သည့် ရှမ်းအသင်းဂိုးသမား သီဟစည်သူမှာ နောက်ဆုံးအဆင့် ဆေးစစ်ချက်များအရ ဘယ်လက်သူကြွယ်အရိုးကျိုးခြင်းမရှိဘဲ အဆစ်လွဲခြင်းသာဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်း၏ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

သီဟစည်သူ၏ဒဏ်ရာမှာ ဘယ်ဘက်လက်သူကြွယ်အရိုးကျိုးခြင်းဖြစ်သည်ဟု မူလစစ်ဆေးချက်များအရသိရသော်လည်း  နောက်ဆုံးစစ်ဆေးမှုအပြီးတွင် အဆစ်လွဲခြင်းသာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုဒဏ်ရာကြောင့် သီဟစည်သူမှာ အနည်းဆုံး (၄)ပတ် နှင့်အထက် အနားယူရမည်ဖြစ်ကြောင်းလည်း သိရသည်။