မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ဂန္ထဝင်နည်းပြ ဆာမတ်ဘတ်စ်ဘီ တင်ရှိထားတဲ့ ပထမဆုံးအမှတ်ပေးပွဲ(၅)ပွဲဆက် အနိုင်ရတဲ့စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။
မန်ယူအသင်းဟာ ဝင်ဘလေကွင်းမှာ အိမ်ရှင် စပါးအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး အဆင့်(၅)နေရာက အာဆင်နယ်အသင်းနဲ့ အမှတ်တူ ရပ်တည်နိုင်ခဲ့ပါတယ်။
မန်ယူအသင်းမှာ ဂိုးသမား ဒီဟေးယား စွမ်းဆောင်ရည်ကောင်းရခဲ့ပြီး သေချာပေါက်ဂိုးပေးရနိုင်တဲ့ (၄၊ ၅)ကြိမ်ထက်မနည်း ကာကွယ်နိုင်ခဲ့တာပါ။
OptaJoe က ထုတ်ပြန်မှုမှာတော့ ဒီဟေးယားဟာ အခုပွဲမှာ ကာကွယ်မှု (၁၁)ကြိမ်ရှိခဲ့ပြီး ဂိုးမပေးရတဲ့ သူ့ရဲ့ထိပ်တန်းလိဂ်ပွဲတွေမှာ အများဆုံးအရေအတွက်လည်း ဖြစ်ခဲ့ပါတယ်။
မန်ယူအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို (၄၄)မိနစ်မှာ ပေါ့ဘာရဲ့ပေးပို့မှုကနေ ရပ်ရှ်ဖို့ဒ်က ထောင့်ဖြတ်ကန်သွင်းခဲ့ပါတယ်။
ရပ်ရှ်ဖို့ဟာ သူ့ရဲ့ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်(၃)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
စပါးအသင်းဟာ မန်ယူကို ကစားကွက်အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်လည်း နှစ်ဆနီးပါးရရှိခဲ့ပါတယ်။
ဒါပေမဲ့ မန်ယူကလည်း တန်ပြန်တိုက်စစ်တွေကနေ စပါးနောက်တန်းကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့တာပါ။
မန်ယူအသင်းမှာ ပေါ့ဘာ အထူးကြိုးစားခဲ့ပြီး သူ့ရဲ့ဂိုးကန်သွင်းမှု (၂)ကြိမ်ကို စပါးဂိုးသမား လိုရစ် ကာကွယ်နိုင်ခဲ့ပါတယ်။
ပေါ့ဘာဟာ ဆိုးလ်ရှားလက်အောက်မှာ ဂိုးပါဝင်ပတ်သက်မှု (၈)ဂိုးအထိရှိလာပြီး (၄)ဂိုးသွင်း၊ (၄)ဂိုး ဖန်တီးပေးခဲ့ပါတယ်။
မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ဂန္ထဝင်နည်းပြ ဆာမတ်ဘတ်စ်ဘီ တင်ရှိထားတဲ့ ပထမဆုံးအမှတ်ပေးပွဲ(၅)ပွဲဆက် အနိုင်ရတဲ့စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။