■ ချယ်လ်ဆီး ၂-၁ နယူးကာဆယ်
ပရီးမီးယားလိဂ်ပွဲစဉ် (၂၂) စနေညရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက (၂-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲ၊ စပါးအသင်းနဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်တွေမှာ နိုင်ပွဲပျောက်ခဲ့တဲ့ ချယ်လ်ဆီးအတွက် ဒီနိုင်ပွဲက ဖိအားတွေအတန်ငယ်လျော့စေခဲ့တယ်လို့ ဆိုရမှာပါ။
ဒါ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက် အာဆင်နယ်အသင်းရှုံးပွဲကြုံချိန်မှာ အခွင့်အရေးယူနိုင်ခဲ့လို့လည်း ချယ်လ်ဆီးအသင်းအတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာလည်း ဆာရီဟာ တိုက်စစ်မှူးမပါတဲ့ ကစားကွက်ကိုဆက်လက်အသုံးပြုခဲ့ပြီး ဟာဇက်ကိုအထောင်ထားကာ ဝီလီယံ၊ ပတ်ဒရိုတို့ရဲ့နဲ့ အသင်းရဲ့တိုက်စစ်ကို စုဖွဲ့ခဲ့ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး (၄) ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ နယူးကာဆယ်အသင်းကလည်း အဝေးကွင်းမှာ သရေတစ်မှတ်ရရှိဖို့ ပြင်ဆင်လာခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ကစားအားကို ပွဲချိန်ပြည့်မတောင့်ခံနိုင်ခဲ့ပါဘူး။
ပွဲစကတည်းက ချယ်လ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဖိအားပေးကစားခဲ့ပြီး အဖွင့်ဂိုးကိုလည်း ပွဲချိန် (၉) မိနစ်မှာပဲ ရရှိခဲ့တာပါ။
ဒေးဗစ်လူးဝစ်ဇ်ရဲ့အဝေးဘောပေးပို့မှုကို ပတ်ဒရိုက တစ်ချက်ထိန်းပြီး နယူးကာဆယ်အသင်းဂိုးသမား ဒူဗရာကာကိုကျော်ကန်သွင်းယူခဲ့တာပါ။
ဂိုးပေးလိုက်ရပြီးချိန်မှာ နယူးကာဆယ်အသင်း မာမာထန်ထန်တုံ့ပြန်ကစားခဲ့လို့ ချယ်လ်ဆီးအသင်း အခက်တွေ့ခဲ့ရပါတယ်။
ချေပဂိုးအတွက် ကြိုးစားလာတဲ့ နယူးကာဆယ်အသင်း အခွင့်အရေးတွေရလာခဲ့ပြီး မိနစ် (၄၀) မှာတော့ ရစ်ချီရဲ့ထောင့်ကန်ဘောပေးပို့မှုကနေ ကလက်ခ်က ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။
ပထမပိုင်းမှာတော့ (၁-၁) ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးဂိုးရဖို့ပိုအားထုတ်လာတာကြောင့် ပွဲက ကြည့်ကောင်းခဲ့ပါတယ်။
ပွဲချိန် (၅၇) မိနစ်မှာတော့ ချယ်လ်ဆီးအသင်းအနိုင်ဂိုးရသွားခဲ့ပြီး ပထမပိုင်းမှာ အပိုင်အခွင့်အရေးတချို့ဖြုန်းတီးခဲ့တဲ့ ဝီလီယံက ဟာဇက်ရဲ့ ပေးပို့မှုကနေ ထောင့်ဖြတ်လှလှပပကန်သွင်းယူပေးခဲ့တာပါ။
ဒီဂိုးကို ဖန်တီးပေးခဲ့တဲ့ ဟာဇက်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ သွင်းဂိုး (၁၀) ဂိုး၊ ဖန်တီးမှု (၁၀) ကြိမ်ရှိသွားခဲ့ပြီး ဥရောပထိပ်တန်းလိဂ် (၅) ခုမှာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ သွင်းဂိုး (၁၆) ဂိုး၊ ဖန်တီးမှု (၁၀) ကြိမ်နောက် ဒုတိယအများဆုံးအရေအတွက်ဖြစ်ခဲ့ပါတယ်။
အနိုင်ဂိုးရသွားခဲ့ချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ကစားအားတက်သွားခဲ့ပြီး နောက်ထပ်အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းတော့မရှိပါဘူး။
နယူးကာဆယ်အသင်းကလည်း ချေပဂိုးအတွက်ကြိုးစားပေမယ့် ချယ်လ်ဆီးအသင်းရဲ့ခံစစ်နဲ့ဂိုးသမားကယ်ပါတို့ အကောင်းဆုံးပုံစံမှာရှိနေလို့ ဂိုးမရခဲ့တာပါ။
ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းက အိမ်ကွင်းမှာ (၂-၁) ဂိုးနဲ့အနိုင်ရခဲ့ပြီး နည်းပြဆာရီအနေနဲ့လည်း ဖိအားလျော့ခဲ့ရတယ်လို့ပဲ ဆိုရပါလိမ့်မယ်။
■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်
ပရီးမီးယားလိဂ်
ဝက်စ်ဟမ်း ၁-၀ အာဆင်နယ်
ဘရိုက်တန် ၀-၁ လီဗာပူးလ်
ဘန်လေ ၂-၁ ဖူလ်ဟမ်
ကာဒစ်ဖ် ၀-၀ ဟတ်ဒါဖီးလ်
ခရစ္စတယ်ပဲလေ့စ် ၁-၂ ဝက်ဖို့ဒ်
လက်စတာ ၁-၂ ဆောက်သမ်တန်
ချယ်လ်ဆီး ၂-၁ နယူးကာဆယ်
လာလီဂါ
လီဟာနက်စ် ၁-၀ ဟူဆကာ
ဗလင်စီယာ ၁-၁ ဗယ်လာဒိုလစ်
ဟီရိုနာ ၁-၁ အလာဗတ်စ်
ကိုပါအီတလီယာ (ရှုံးထွက် ၁၆ သင်းအဆင့်)
လာဇီယို ၄-၁ နိုဗာရာ
ဆမ်ဒိုးရီးယား ၀-၂ အေစီမီလန်
(မိနစ် ၉၀ - ၀-၀၊ အချိန်ပို ၀-၂ ဖြင့် အေစီမီလန်နိုင်)
ဘိုလော့ဂ်နာ - ဂျူဗင်တပ်စ်
လီဂူး
အာမီယန်စ် ၀-၃ PSG
လိဂ်ချန်ပီယံရှစ်
ဘာမင်ဂမ် ၁-၂ မစ်ဒယ်ဘရော့
ဘရန့်ဖို့ဒ် ၃-၁ စတုတ်စီးတီး
ဘရစ္စတိုးလ်စီးတီး ၂-၁ ဘော်လ်တန်
ဟားလ်စီးတီး ၃-၀ ရှက်ဖီးဝင်းစ်ဒေး
အစ်ဝစ်ချ် ၁-၀ ရော့သာဟမ်
ပရက်စတန် ၁-၁ ဆွမ်ဆီး
ရက်ဒင်း ၂-၀ နော်တင်ဟမ်
ရှက်ဖီးယူနိုက်တက် ၁-၀ QPR
ဝက်စ်ဘရွန်း ၁-၁ နောဝစ်ချ်
ဝီဂန် ၃-၀ အက်စတွန်ဗီလာ
မီဝေါလ် ၀-၂ ဘလက်ဘန်း