စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းသည် ဥရောပဘောလုံးလောကတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရာ၌ ထူးချွန် သည့်အသင်းအဖြစ် ရပ်တည်လျက်ရှိသည်။
ဂျူဗင်တပ်စ်အသင်းသည် ယခုရက်ပိုင်းအတွင်း အာဆင်နယ်အသင်းမှ ဝေးလ်စ်ကွင်းလယ်ကစားသမား ရမ်ဆေးကို အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် အပြောင်းအရွှေ့စျေးကွက်တွင် အကောင်းဆုံးလှုပ်ရှားနိုင်သည့်အသင်း အဖြစ် ပိုမိုထင်ရှားသွားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် စီရော်နယ်လ်ဒို၊ ဟီဂွါအင် စသည့် ကစားသမားများကို မြင့်မားသည့်ပြောင်းရွှေ့ကြေးများဖြင့် ခေါ်ယူခဲ့သော်လည်း ယခုနောက်ပိုင်းကာလများ၌ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိမည့်ကစားသမားများကို ပြိုင် ဘက်များထက် လက်ဦးမှုရယူလေ့ရှိသည့်အသင်းအဖြစ် ပိုမိုထင်ရှားလျက်ရှိသည်။
ဂျူဗင်တပ်စ်အသင်းသည် ပေါ့ဘာ၊ ပီယာလို စသည့်ကစားသမားများကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ခေါ်ယူပြီး အကောင်းဆုံးအသုံးချနိုင်ခဲ့သလို၊ အဲလ်ဗတ်စ်၊ ခီဒီရာ၊ အမ်မရီချန်၊ ကင်နာဗာရိုတို့ကို ခေါ်ယူရာတွင်လည်း ပြောင်းရွှေ့ကြေးအသုံးမပြုခဲ့ရပေ။ ထို့ကြောင့် အပြောင်းအရွှေ့စျေးကွက်တွင် ပါးနပ်လွန်းသည်ဟု ချီးကျူးခံနေရသည်။