၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို အသင်း ၁၂ သင်းဖြင့် အိမ်ကွင်း၊ အဝေးကွင်းပုံစံကျင်းပ မည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲအား တစ်ပတ်လျှင် နှစ်ပွဲနှုန်းဖြင့် MRTV ရုပ်သံ မှ တိုက်ရိုက်ထုတ်လွှင့်ပြသရန် စီစဉ်ထား ကြောင်း သိရသည်။
''မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေကို MRTV ကနေ ပြသပေးသွားဖို့ စီစဉ်ထားပါ တယ်။ တစ်ပတ်ကို နှစ်ပွဲနှုန်းနဲ့ စနေတစ်ပွဲ၊ တနင်္ဂနွေတစ်ပွဲ ပြသသွားမှာပါ။ ဒါ့အပြင် အွန်လိုင်းရုပ်သံလိုင်းတွေကလည်း ကြည့်ရှုလို့ ရအောင်လည်း ပြသပေးနိုင်ဖို့ စီစဉ်ထားတာ တွေရှိပါတယ်။ အဓိကကတော့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေကို ပရိသတ်အကုန်လုံး ကြည့်ရှုခံစားနိုင်ဖို့အတွက် လူတိုင်းကြည့်လို့ ရတဲ့ လိုင်းတွေကနေပြသနိုင်ဖို့ စီစဉ်လိုက် တာပါ''ဟု မြန်မာနေရှင်နယ်လိဂ်အမှုဆောင်ချုပ် ဦးစိုးမိုးကျော်က ပြောကြားသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ရုပ်သံထုတ်လွှင့်ခွင့်နှင့် ပြသခွင့်များအတွက် My Sports နှင့် သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ချုပ်ဆိုထားသည်။
ယခုထုတ်လွှင့်ပြသရန် စီစဉ်နေသည့် ပွဲစဉ်များကိုလည်း My Sports က ရိုက်ကူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို အသင်း ၁၂ သင်းဖြင့် အိမ်ကွင်း၊ အဝေးကွင်းပုံစံကျင်းပ မည်ဖြစ်သည်။
ပွဲစဉ် (၁) ကို ဇန်နဝါရီ ၁၂ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး လက်ရှိ ချန်ပီယံ ရန်ကုန်အသင်းမှာ ဟံသာဝတီ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။