ရခိုင်ယူနိုက်တက်အသင်း ဒုဥက္ကဋ္ဌအဖြစ် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နေထက်လင်း တာဝန်ယူမည်

ရခိုင်ယူနိုက်တက်အသင်း ဒုဥက္ကဋ္ဌအဖြစ် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နေထက်လင်း တာဝန်ယူမည်
Photo : Rakhine United FC
Photo : Rakhine United FC
Published 29 December 2018

ရခိုင်ယူနိုက်တက်အသင်းသည် လာမည့် ၂ဝ၁၉ဘောလုံးရာသီတွင်အောင်မြင်မှု ရရှိရန် ပြည်ပကစားသမား သုံးဦးခေါ်ယူထားပြီး နည်းပြချုပ်အဖြစ် လက်ရွေးစင်ကစားသမားဟောင်း ဦးသန်းဝေက တာဝန်ယူမည် ဖြစ်သည်။

ရခိုင်ယူနိုက်တက်အသင်း ဒုဥက္ကဋ္ဌအဖြစ် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နေထက်လင်းက တာဝန်ယူသွားမည်ဖြစ်ကြောင်း အသင်း၏ Facebook စာမျက်နှာတွင် တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းသည် လာမည့် ၂ဝ၁၉ဘောလုံးရာသီတွင် အသင်း၏ပရိသတ်များ တိုးပွားလာစေရန် နှင့် အသင်း၌ ရှယ်ယာရှင်များတိုးပွားလာစေရန် ရည်ရွယ်၍ သရုပ်ဆောင် နေထက်လင်းက ဒုဥက္ကဌ တာဝန်ကို ရယူကာ ရခိုင်ယူနိုက်တက်အ

သင်းကို တိုးတက်လာစေရန် ကူညီသွားမည်ဖြစ်သည်ဟု ယင်းသတင်းတွင် ရေးသားထားသည်။

“ကျွန်တော်ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ပြည်နယ်ကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် နေတဲ့ ဘောလုံးအသင်းတိုးတက်အောင်ကူညီပေးသွားမယ်။ပရိသတ်တွေတိုးလာအောင်၊အသင်းမှာ ရှယ်ယာ ရှင်တွေများလာအောင် စည်းရုံးပေးသွားမယ်။ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ရှိတဲ့ လူငယ်တွေကို ဘောလုံး ကစားနည်းမှာ စိတ်ဝင်စားလာပြီး ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေဖြစ်ပြီး နိုင်ငံလက်ရွေးစင် ကစားသမားတွေ ဖြစ်အောင် ကူညီချင်တဲ့အတွက် ဒုဥက္ကဌ ရာထူးကိုလက်ခံခဲ့တာပါ”ဟု နေထက်လင်းက ပြောကြားခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းသည် လာမည့် ၂ဝ၁၉ဘောလုံးရာသီတွင်အောင်မြင်မှု ရရှိရန် ပြည်ပကစားသမား သုံးဦးခေါ်ယူထားပြီး နည်းပြချုပ်အဖြစ် လက်ရွေးစင်ကစားသမားဟောင်း ဦးသန်းဝေက တာဝန်ယူမည် ဖြစ်သည်။

ရခိုင်ယူနိုက်တက်အသင်းသည် ၂ဝ၁၉ဘောလုံးရာသီတွင် ပထမအကျော့ပွဲစဉ် (၁၁)ပွဲစလုံးကို စစ်တွေမြို့ရှိ ဝေသာလီကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent