အာဆင်နယ်နှင့်ပွဲမှာ ခက်ခဲမည်ဖြစ်ပြီး ပိုကြိုးစားကြရန် ကစားသမားများကို ကလော့ပ် တိုက်တွန်း

အာဆင်နယ်နှင့်ပွဲမှာ ခက်ခဲမည်ဖြစ်ပြီး ပိုကြိုးစားကြရန် ကစားသမားများကို ကလော့ပ် တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 28 December 2018

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အာဆင်နယ်အသင်းနှင့် ကစားရမည့်ပွဲစဉ်မှာ ခက်ခဲမည်ဖြစ်ပြီး ပိုမိုကြိုးစားရန် အသင်းကစားသမားများကို တိုက်တွန်းပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ရာသီဝက်ကျိုးချိန်တွင် ရှုံးပွဲမရှိသေးဘဲ အာဆင်နယ်အသင်းနှင့် သရေကျပြီးနောက် (၈) ပွဲဆက်တိုက် အနိုင်ရရှိထားသည်။

ယာဂန်ကလော့ပ်က "လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက အရမ်းကောင်းနေပါတယ်။ အာဆင်နယ်က အသင်းကောင်းတစ်သင်းဖြစ်သလို နည်းပြကလည်း အရမ်းတော်ပါတယ်။ ဒါကြောင့် အာဆင်နယ်နဲ့ပွဲစဉ်က ကျွန်တော်တို့အတွက် ခက်ခဲလာမှာပါ။ တကယ်လို့ နယူးကာဆယ်နဲ့ ပွဲစဉ်ကလိုသာ အာဆင်နယ်အသင်းကို တန်ပြန်တိုက်စစ်ကစားခွင့်ပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့ ခံစားသွားရပါလိမ့်မယ်။ ဒါကြောင့် အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော်တို့အသင်း ပိုကြိုးစားဖို့လိုတယ်။ ပိုတိုးတက်ဖို့ လိုတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ရာသီဝက်ပြီးဆုံးချိန်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး၌ ရမှတ် (၅၁)မှတ်ဖြင့် ရပ်တည်နိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်းနှင့် ဒုတိယရာသီဝက်တွင် ပွဲစဉ်တစ်ပွဲချင်းစီကို သေချာအာရုံစိုက်ကစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

လီဗာပူးလ်နှင့် အာဆင်နယ်အသင်း၏ ပွဲစဉ်ကို စနေညတွင် လီဗာပူးလ်အသင်း၏ အိမ်ကွင်း အန်ဖီးလ်၌ ကစားမည် ဖြစ်သည်။ အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ ရမှတ် (၃၈)မှတ်ဖြင့် အဆင့် (၅)နေရာတွင် ရပ်တည်နေပြီး (၁၃) မှတ်အထိ ကွာဟနေသည်။

Most Read

Most Recent