ဘာစီလိုနာသို့ နေမာ ပြန်လာရန် ဆုတောင်းနေကြောင်း အာသာ ဖွင့်ဟ

ဘာစီလိုနာသို့ နေမာ ပြန်လာရန် ဆုတောင်းနေကြောင်း အာသာ ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 25 December 2018

ဘာစီလိုနာကွင်းလယ်လူ အာသာက ဘရာဇီးလ်အသင်းဖော် နေမာအား ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့လာရန် ဆုတောင်းနေကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၂၆) နှစ်အရွယ်ရှိ ဘရာဇီးလ်အသင်းခေါင်းဆောင် နေမာသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်နွေရာသီအပြောင်းအရွှေ့က PSG အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈) သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သည်။

သို့သော် နေမာသည် PSG အသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန်ပြင်ဆင်နေသည်ဟု ဥရောပ မီဒီယာအများအပြားက ဖော်ပြနေကြသည်။

အာသာက '' နေမာ အနေနဲ့ ဘာစီလိုနာအသင်းကို ပြန်လာပါစေလို့ ကျွန်တော်ဆုတောင်းနေပါတယ်။ ဘာလို့လဲဆိုတော့သူဟာ တကယ်တော်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ နေမာက ဘာစီလိုနာအသင်းကို  ပိုကောင်းအောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။ အပြောင်းအရွှေ့ကိစ္စတွေကိုတော့ ကျွန်တော်မသိပါဘူး။ နေမာဟာ ကျွန်တော်နဲ့ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်သလို ပရော်ဖက်ရှင်ပီသတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ တကယ်လို့ သူသာဘာစီလိုနာအသင်းကို ပြန်လာမယ်ဆိုရင် ကျွန်တော်အရမ်းပျော်ရွှင်မိမှာပါ'' ဟုပြောကြားခဲ့သည်။

နေမာသည် ယခုရာသီ PSG အသင်းတွင် ခြေစွမ်းပြကစားလျက်ရှိပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၉) ပွဲတွင် (၁၆) ဂိုးအထိသွင်းယူပေးထားသည်။

နေမာသည် PSG အသင်းသို့မပြောင်းရွှေ့မီက ဘာစီလိုနာအသင်းတွင် (၄)ရာသီကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ (၁၈၆) ပွဲတွင် (၁၀၅) ဂိုးအထိ သွင်းယူခဲ့ကာ အသင်းနှင့်အတူ လာလီဂါ (၂) ကြိမ်၊ ချန်ပီယံလိဂ် (၁) ကြိမ်အပါအဝင် ဆုဖလားပေါင်း (၈) လုံးအထိ ရယူနိုင်ခဲ့သည်။

Most Read

Most Recent