ပြည်တွင်းနှင့် ပြည်ပ၌ ဖြစ်ပေါ်နေသည့် မရေရာမှုများက မြန်မာ့စီးပွားရေးအပေါ် သိသာစွာ ဖိစီးနေပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တွေ့မြင်ရသည့် စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ ၆ ဒသမ ၂ ရာခိုင်နှုန်းသို့ လျော့ကျဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ

ပြည်တွင်းနှင့် ပြည်ပ၌ ဖြစ်ပေါ်နေသည့် မရေရာမှုများက မြန်မာ့စီးပွားရေးအပေါ် သိသာစွာ ဖိစီးနေပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တွေ့မြင်ရသည့် စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ ၆ ဒသမ ၂ ရာခိုင်နှုန်းသို့ လျော့ကျဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ
ဒီဇင်ဘာ ၁၃ ရက်ကကျင်းပသည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး လေ့လာမှု အစီရင်ခံစာ ထုတ်ပြန်ပွဲ အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဒီဇင်ဘာ ၁၃ ရက်ကကျင်းပသည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး လေ့လာမှု အစီရင်ခံစာ ထုတ်ပြန်ပွဲ အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 13 December 2018
ဇေယျာငြိမ်း

ပြည်တွင်းနှင့် ပြည်ပ၌ ဖြစ်ပေါ်နေသည့် မရေရာမှုများက မြန်မာ့စီးပွားရေးအပေါ် သိသာစွာဖိစီးနေပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က တွေ့မြင်ရသည့် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ ၆ဒသမ၂ရာခိုင်နှုန်းသို့ လျော့ကျသွားဖွယ်ရှိကြောင်း ဒီဇင်ဘာ ၁၃ ရက်က ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ်၌ ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍအသီးသီးတွင် တိုးတက်မှု နှေးကွေးလျက် ရှိသော်လည်း စိုက်ပျိုးရေး ထုတ်လုပ်မှုကဏ္ဍ တည်ငြိမ်နေခြင်းနှင့် တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းများ အပါအဝင် ဝန်ဆောင်မှုကဏ္ဍတွင် တိုးတက်မှု အားကောင်းနေခြင်းကြောင့် ခုသာခံသာ ရှိနိုင်မည်ဟုလည်း ဖော်ပြထားသည်။

ယခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာခြင်းသည် အကြောင်းရင်း နှစ်ရပ်အပေါ် မူတည်နေပြီး ပထမ အကြောင်းရင်းမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအရှိန် နှေးကွေးလာမှု အကျိုးဆက်အရ မေခရိုစီးပွားရေး အခြေအနေ မတည်မငြိမ် ဖြစ်လာခြင်းနှင့် အခြားအကြောင်းရင်းမှာ မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဆောင်ရွက်မှုအပေါ် မူတည်နေကြောင်း သိရသည်။

ယ်ယူသုံးစွဲနိုင်မှုအား လျော့ကျလာခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးလာခြင်း၊ လောင်စာဆီစျေးနှုန်း မြင့်တက်လာမှုကြောင့် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်လာခြင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်း စသည်တို့ကြောင့် စက်မှုကဏ္ဍ တိုးတက်နှုန်းမှာ ၂၀၁၇-၂၀၁၈ ခုနှစ်က ၉ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၁၈-၂၀၁၉တွင် ၈ ဒသမ ၂ ရာခိုင်နှုန်းသို့ လျော့ကျလာမည်ဟု ခန့်မှန်းရသည်။

ဝန်ဆောင်မှုကဏ္ဍ တိုးတက်နှုန်းသည်  ၂၀၁၇-၂၀၁၈ တွင် ၈ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈-၂၀၁၉တွင် ၇ ဒသမ ၆ ရာခိုင်နှုန်းသို့ လျော့နည်းလာမည်ဟု ခန့်မှန်းသည်။ တယ်လီကွန်း ဆက်သွယ်ရေး ဝန်ဆောင်မှုနှင့် လက်လီလက်ကား ကုန်သွယ်မှုကဏ္ဍများ လျင်မြင်စွာ တိုးတက်လာနေသော်လည်း ခရီးသွားနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများ၌ တိုးတက်မှုနှုန်း နှေးကွေးနေသည်။

ရာသီအလိုက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ရှိနေသော်လည်း ပြည်ပဝယ်လိုအားကြောင့် စပါးစျေး ကောင်းလာသည့်အတွက် စိုက်ပျိုးရေးကဏ္ဍ ထုတ်ကုန်တိုးတက်မှု နှုန်းသည် ၂၀၁၈-၂၀၁၉ တွင် ၁ ဒသမ ၂ ရာခိုင်နှုန်း ရှိသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

၂၀၁၇-၂၀၁၈ ခုနှစ်က တွေ့မြင်ရသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းသည် ၂၀၁၈-၂၀၁၉ ခုနှစ်၌ ၆ ဒသမ ၂ ရာခိုင်နှုန်းသို့ နှေးကွေးသွားမည်ဟု မျှော်မှန်းရသော်လည်း ယင်းနှုန်းသည် ဒေသတွင်းနှင့် နိုင်ငံတကာစံနှုန်းနှင့် နှိုင်းယှဉ်လျှင် အားကောင်းသည့် တိုးတက်နှုန်းတစ်ခု ဖြစ်နေသေးကြောင်းလည်း ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် မေလက ထုတ်ပြန်ခဲ့သည့် မြန်မာ့စီးပွားရေး လေ့လာမှု အစီရင်ခံစာနောက်ပိုင်း မက်ခရိုစီးပွားရေး ထိရှလွယ်မှု မြင့်တက်လာခဲ့သည်။ ငွေဖောင်းပွမှုနှုန်း ဆက်တိုက်မြင့်တက်လာပြီး ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ငွေဖောင်းပွမှုနှုန်းမှာ အမြင့်မားဆုံး ဖြစ်ခဲ့သည်။ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းသည်  ခြောက်လအတွင်း ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့သည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ခဲ့ခြင်း၊ လက်လီလက်ကား ကုန်သွယ်မှု ဖြေလျှော့ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ပေါ်ပေါက်လာခြင်း၊ OBOR စီမံကိန်းနှင့် ဆက်စပ်သည့် အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် အကြီးစားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်း စသည့် မူဝါဒ အပြောင်းအလဲများကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဖွံ့ဖြိုးမှုနှုန်းသည် ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန် လာလိမ့်မည်ဟု မျှော်မှန်းထားသည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု နှေးကွေးလာနိုင်ခြေ၊ ပြည်တွင်းမက်ခရို စီးပွားရေး ဟန်ချက်မညီမှုနှင့် ဥရောပသမဂ္ဂနှင့် ဆက်စပ်ကုန်သွယ်မှုများ ဆုံးရှုံးမှုကြောင့် စီးပွားရေးအပေါ် ထိခိုက်နိုင်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။       

 

Most Read

Most Recent