မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြန်လည်ရုန်းထ လာသော်လည်း အထနှေးမည့် လက္ခဏာများပြနေပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၄ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိမည်ဟု IMF ခန့်မှန်း

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြန်လည်ရုန်းထ လာသော်လည်း အထနှေးမည့် လက္ခဏာများပြနေပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၄ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိမည်ဟု IMF ခန့်မှန်း
၂၀၁၈ ခုနှစ် Article IV ခရီးစဉ်ပြီးဆုံးခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
၂၀၁၈ ခုနှစ် Article IV ခရီးစဉ်ပြီးဆုံးခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
Published 13 December 2018
နီလာ

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြန်လည်ရုန်းထ လာသော်လည်း အထနှေးမည့် လက္ခဏာများ ပြနေကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၄ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိမည်ဟု IMF ကခန့်မှန်းထားကြောင်း ဒီဇင်ဘာ ၁၃ ရက်က ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ်၌ ကျင်းပသည့်  အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မစ်ရှင်အဖွဲ့ဝင်များ၏ မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ် Article IV ခရီးစဉ်ပြီးဆုံးခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Mr. Shanaka Jayanath Peiris ဦးဆောင်သည့် IMF မစ်ရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ် Article IV Consultation အတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ လာရောက်ခဲ့သည်။ မစ်ရှင်ခရီးစဉ် အပြီးတွင် Mr.Peiris အနေဖြင့် သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေး အခြေအနေသည် ၂၀၁၇-၂၀၁၈ တွင် ပြန်လည်ရုန်းထ လာသော်လည်း အထေနှေးမည့် လက္ခဏာများ ပြနေကြောင်း၊ ၂၀၁၆ - ၂၀၁၇ တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိရာမှ ပြည်ပပို့ကုန်နှင့် ပြန်လည်ကောင်းမွန်လာသည့် လယ်ယာစိုက်ပျိုးရေးတို့ကြောင့် ၂၀၁၇-၂၀၁၈ တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းခန့် အထိ ပြန်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်က ဖြည့်ဆည်းပေးမှု လျော့ကျလာစဉ်မှာပင် ဘတ်ဂျက်လိုငွေသည် ၂၀၁၇-၂၀၁၈ တွင် ဂျီဒီပီ၏ ၂ ဒသမ ၇ ရာခိုင်နှုန်းသို့ အနည်းငယ် မြင့်တက်လာခဲ့ကြောင်း၊ အထွေထွေငွေ ဖောင်းပွမှုနှုန်းမှာ ၂၀၁၇-၂၀၁၈ တွင် (ပျမ်းမျှ လေးရာခိုင်နှုန်းဖြင့် ) တည်ငြိမ်ခဲ့သော်လည်း စက်သုံးဆီ စျေးနှုန်းများ မြင့်တက်လာခြင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းတို့ကြောင် ့ငွေဖောင်းပွမှု ပြန်လည်မြင့်တက် လာခဲ့ကြောင်း၊ သာမန်စာရင်း လိုငွေမှာလည်း ၂၀၁၇-၂၀၁၈ တွင် ဂျီဒီပီ၏ ၄ ဒသမ ၇ ရာခိုင်နှုန်းသို့  အနည်းငယ် မြင့်တက်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အခြေအနေ ကောင်းခဲ့ခြင်း (ဂျီဒီပီ၏ ၅ ဒသမ ၄ ရာခိုင်နှုန်း) ကြောင့် ပို့ကုန်သုံးလစာခန့်နှင့် ညီမျှသည့် နိုင်ငံခြားအရန်ငွေကို ထိန်းသိမ်းထားနိုင်ရန် အထောက်အကူ ရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကူးအပြောင်းကာလ၏ ဘတ်ဂျက် နှစ် (၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ) ပဏာမ စာရင်းအရ တိုးတက်မှု ၆ ဒသမ ၂ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ကြောင်း၊ အသုံးစရိတ်များကို အပြည့်အဝ မသုံးစွဲနိုင်ခဲ့ခြင်း၊ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု လျော့ကျခြင်းနှင့် ကမ္ဘာ့ဝယ်လိုအား ကျဆင်းလာခြင်းတို့ကြောင့် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ရှေ့အလားအလာ အနေဖြင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှု ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ အနည်းငယ် တိုးတက်ရရှိနိုင်ပြီး ကာလလတ်တွင် ခုနစ်ရာခိုင် နှုန်းနီးပါးရရှိမည်ဟု မျှော်မှန်းကြောင်းနှင့် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်လိုငွေမှာ ဂျီဒီပီ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသို့ မြင့်တက်လာမည်ဟု ခန့်မှန်းထားပြီး ငွေလုံးငွေရင်း ပိုမိုသုံးစွဲလာကာ ဘဏ္ဍာရေး နည်းလမ်းဖြင့် တွန်းအားပေးနိုင်ကြောင်း၊ နိုင်ငံတကာ ရေနံစျေးကျဆင်း လာခြင်းနှင့် ငွေဖောင်းပွမှုကို တဖြည်းဖြည်း ထိန်းသိမ်းပေးခြင်းဖြင့် စားသုံးသူတို့၏ သုံးစွဲနိုင်စွမ်းကို အထောက်အကူ ပြုသင့်သည်ဟု ဖော်ပြထားသည်။

မစ်ရှင်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အစိုးရအရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များ၊ ငွေရေးကြေးရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent