အလုပ်မရှိတော့သည့်အချိန်မှ ရက်သတ္တပတ်တိုင်း ဆုတံဆိပ်ရနေသည်ဟု အာစင်ဝင်းဂါး နောက်ပြောင်

အလုပ်မရှိတော့သည့်အချိန်မှ ရက်သတ္တပတ်တိုင်း ဆုတံဆိပ်ရနေသည်ဟု အာစင်ဝင်းဂါး နောက်ပြောင်
Photo : LMA
Photo : LMA
Published 10 December 2018

အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးက အလုပ်မရှိတော့သည့်အချိန်မှ ရက်သတ္တပတ်တိုင်း ဆုတံဆိပ်များလက်ခံရရှိနေကြောင်း နောက်ပြောင်ပြောကြား သည်။

ဒီဇင်ဘာ ၆ ရက် ညပိုင်းက လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ပြုလုပ်သည့် လိဂ်မန်နေဂျာများအဖွဲ့ (LMA) ဥက္ကဋ္ဌ၏ ညစာစားပွဲအခမ်းအနားတွင် အာစင်ဝင်းဂါးအား တစ် သက်တာထူးချွန်ဆု ပေးအပ်ချီးမြှင့်သည်။ 

အသက် ၆၉ နှစ်ရှိပြီဖြစ်သည့် အာစင်ဝင်းဂါးသည် အာဆင်နယ် အသင်းအား ၁၉၉၆ မှ ၂၀၁၈ ခုနှစ် အထိ ၂၂ နှစ်ကြာ တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံ ဆု သုံးကြိမ်၊ FA ဖလား ခုနစ်ကြိမ်နှင့် ကွန်မြူနတီဒိုင်း ခုနစ်ကြိမ် ရယူပေး နိုင်ခဲ့သည်။ 

ထို့ကြောင့် LMAက ဘောလုံးလောကအတွက် ၎င်း၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ်ဂုဏ်ပြုသည့်အနေဖြင့် တစ်သက်တာထူးချွန်ဆု ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။ 

ယင်းဆုကို အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ပေးအပ်ချီးမြှင့်ပြီး အာစင်ဝင်းဂါးကိုယ်တိုင် လက်ခံရယူခဲ့သည်။

ဆုလက်ခံရယူပြီးနောက် ၎င်းက '' ပြိုင်ပွဲတွေ ယှဉ်ပြိုင်စရာမရှိတော့့မှပဲ တစ်ပတ်ကို ဆုတံဆိပ်တစ်ခု လောက်ရနေတယ်။ အစောကတည်း က ဒါကို ဘာကြောင့်နားမလည် ခဲ့မိတာလဲ''ဟု နောက်ပြောင်ပြောကြားသည်။ 

အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းနှင့်လမ်းခွဲပြီးနောက် တပည့်ဟောင်းဖြစ်သည့် လိုင်ဘေးရီးယားနိုင်ငံသမ္မတ ဂျော့ချ်ဝီယာ ချီးမြှင့်သည့် အမြင့်ဆုံးဂုဏ် ထူးဆောင်ဆုရရှိခဲ့သလို အောက်တိုဘာတွင်လည်း Global Leaders Sports Award ဆုချီးမြှင့်ပွဲ၌ တစ် သက်တာထူးချွန်ဆုရရှိခဲ့ကြောင်း သိရသည်။ 

၎င်းသည် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသော်လည်း နှစ်ရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့သောကြောင့် ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်လာသဖြင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent