ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒိုချီးကျူး

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒိုချီးကျူး
Photo: Getty Images
Photo: Getty Images
Published 9 December 2018

 

ဗယ်လာဒိုလစ်အသင်း၏ ပိုင်ရှင်ဖြစ်သူ ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒိုက ဂျူဗင်တပ်စ်နှင့် ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ချီးကျူးပြောကြားခဲ့ကြောင်းသိရသည်။

ရော်နယ်လ်ဒိုက စီရော်နယ်လ်ဒို၏ ကစားသမားဘဝတည်ဆောက်မှုမှာ အံ့မခန်းဖြစ်ပြီး ဘောလုံးကစားခြင်းကို ချစ်မြတ်နိုးပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသူဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဗယ်လာဒိုလစ်အသင်းပိုင်ရှင် ရော်နယ်လ်ဒိုသည် အီတလီသတင်းစာ La Gazzetta dello Sport နှင့်တွေ့ဆုံရာတွင် ''စီရော်နယ်လ်ဒိုနဲ့ ကျွန်တော်က ကစားတဲ့နေရာချင်းမတူပါဘူး။ အခုအချိန်မှာ စီရော်နယ်လ်ဒိုက အထောင်တိုက်စစ်မှူးအဖြစ်ကစားနေပေမယ့် သူနဲ့ကျွန်တော် ကစားတဲ့နေရာက ကွာခြားပါတယ်။ အသက် (၃၃) နှစ်အရွယ်မှာ ဒီလိုခန္ဓာမျိုးကို ထိန်းထားနိုင်တာက တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါဘူး။ ဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်းထန်လွန်းလို့ဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုလို ကစားသမားမျိုး အများကြီးမရှိပါဘူး။ စီရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝနေပုံ၊ ထိုင်ပုံ လေ့ကျင့်ခန်းပြုလုပ်ပုံတွေက ကျွန်တော်တို့နဲ့ အများကြီးကွာခြားပါတယ်။ ကျွန်တော်ကစားသမားဘဝတုန်းက လေ့ကျင့်ခန်းလုပ်ခဲ့တာဟာ တာဝန်အရသာလုပ်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုကတော့ အဲဒီလိုမဟုတ်ပါဘူး။ သူက ဒီအလုပ်ကို ချစ်လို့လုပ်နေတာပါ''ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလကမှ ဂျူဗင်တပ်စ်အသင်းသို့ပြောင်းရွှေ့ခဲ့ပြီး ရာသီအစတွင် ဂိုးရရန်ရုန်းကန်ခဲ့ရသော်လည်း စီးရီးအေ ပွဲစဉ် (၁၅) အပြီးတွင် (၁၀) ဂိုးအထိသွင်းယူထားကာ ဂိုးသွင်းအများဆုံးအဖြစ် ဂျီနိုအာတိုက်စစ်မှူး ပီယွန်တက်ခ်နှင့်အတူ ထိပ်ဆုံးတွင်ရပ်တည်လျက်ရှိသည်။

Most Read

Most Recent