မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပရော်ဖက်ရှင်နယ် ယူ-၂၃ လိဂ်ပြိုင်ပွဲ (Professional U-23 Developement League)ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းပြိုင်ပွဲမှာ တကယ့်လက်တွေ့တွင် အကျိုးရှိသည့်ပြိုင်ပွဲမဟုတ် ဟု ပြောကြားခဲ့သည်။
ယင်းလူငယ်ပြိုင်ပွဲမှာ ပရိသတ်စိတ်ဝင်စားမှုနည်းပါးပြီး ပြိုင်ဆိုင်မှုပြင်းထန်ခြင်းမရှိ၍ တကယ့်လက်တွေ့တွင် အကျိုးမရှိကြောင်း၊ အငှားအပြောင်းအရွှေ့များ ရှိနေခြင်းကြောင့် ယင်းလူငယ်ပြိုင်ပွဲများတွင် ကစားသမားများ ၏ တိုးတက်မှုမှာ မပြောပလောက်ကြောင်း ဂွါဒီယိုလာက ပြောကြားခဲ့သည်။
''ကျွန်တော်တို့အသင်းရဲ့ ဒုတိယအသင်း (လူငယ်အသင်း) က ပြိုင်ဆိုင်မှုမပြင်း ထန်တဲ့၊ အဓိပ္ပာယ်မဲ့တဲ့ ပြိုင်ပွဲတစ်ခုမှာ ယှဉ်ပြိုင်နေရပါတယ်။ ကစားသမားတွေအနေနဲ့ လူ (၁၀)ယောက်လောက်ရှေ့မှာ ကစားပြနေ ရတာက အတော့်ကိုဆိုးရွားတဲ့အခြေအနေ တစ်ရပ်ပါပဲ။ ဒါမျိုးကို ပြိုင်ပွဲလို့ မသတ်မှတ်နိုင် ပါဘူး။ ကျွန်တော်တို့ အငှားချထားတဲ့ ကစား သမားတွေကတော့ တကယ်ကို ပြိုင်ဆိုင်မှုပြင်း ထန်တဲ့ ထိပ်တန်းလိဂ်တွေမှာ ကစားခွင့်ရနေ ကြပါတယ်။ ပရိသတ် (၁၀)ယောက်လောက် ရှေ့မှာ ကစားရတဲ့ပြိုင်ပွဲအနေနဲ့ ကစားသမား တွေကို တိုးတက်မှုရှိစေလိမ့်မယ်လို့ ကျွန်တော် တော့မထင်မြင်မိပါဘူး''ဟု ဂွါဒီယိုလာက ပြော ကြားခဲ့သည်။
ယခုရာသီ ပရော်ဖက်ရှင်နယ် ယူ-၂၃ ပြိုင်ပွဲတွင် Division 1 ၌ အသင်း(၁၂)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိနေပြီး မန်စီးတီး ယူ-၂၃ အသင်းမှာ (၁၀)ပွဲကစားပြီးချိန်တွင် အဆင့်(၆) နေရာ၌ ရပ်တည်နေသည်။
မန်စီးတီး ယူ-၂၃ အသင်းသည် UEFA Youth League ပြိုင်ပွဲ၌မူ (၅)ပွဲကစားပြီးချိန်တွင် နိုုင်ပွဲ (၁)ပွဲသာ ရကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။