ဘွန်ဒစ်လီဂါပွဲစဉ်(၁၃) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၁၃) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 1 December 2018

ဒေါ့မွန် နှင့် ဖရိုင်းဘတ် (စနေည ၉းဝ၀ နာရီ)

ပြီးခဲ့တဲ့ရာသီ ဒေါ့မွန်ကွင်းတွေ့ဆုံမှုမှာ ဖရိုင်းဘတ်အသင်း အမှတ်ခွဲယူနိုင်ခဲ့တယ်။ အခုတစ်ပွဲတော့ ခြေတက်နေတဲ့ ဒေါ့မွန်ကြောင့် ဖရိုင်းဘတ် ဂိုးပြတ်ရှုံးသွားနိုင်တယ်။

စတုဂတ် နှင့် အော့စ်ဘတ် (စနေည ၉းဝ၀ နာရီ)

စတုဂတ်အသင်း ရှုံးပွဲပြန်တွေ့ခဲ့ရပေမယ့် လေဗာကူဆင်နဲ့ပွဲမှာ ခြေစွမ်းပိုင်းမဆိုးလှဘူး။ အခုပွဲမှာ စတုဂတ် အနိမ့်ဆုံးသရေကစားလိမ့်မယ်။

၀ါဒါဘရီမင် နှင့် ဘိုင်ယန်မြူးနစ် (စနေည ၉းဝ၀ နာရီ)

ဆယ်စုနှစ်အတွင်း ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ဘိုင်ယန်မြူးနစ်ကပဲ သိသိသာသာ အသာစီးရယူထားပါတယ်။ ဘရီမင်ကွင်းမှာ ဘိုင်ယန်က အမှတ်ပေးပွဲ(၉)ပွဲဆက်တိုက် အနိုင်ကစားထားပြီး နောက်ဆုံးရှုံးနိမ့်ခဲ့တာကလည်း ၂၀၀၆-ဝရရာသီက ဖြစ်လို့ ဆယ်စုနှစ်တစ်ခုကျော်ရှိနေပါပြီ။ ဒီပွဲက ဘိုင်ယန်နည်းပြ နီကိုကိုဗက်ရဲ့အနာဂတ်အတွက် ရာခိုင်နှုန်းအတော်များများ အရေးပါနေတဲ့ပွဲလို့လည်း ဆိုနိုင်တယ်။ (၃)ပွဲဆက်နိုင်ပွဲပျောက်ထားရာမှာ ဖရိုင်းဘတ်၊ ဒစ်ဆယ်ဒေါ့ဖ်လိုအသင်းတွေကို အိမ်ကွင်းမှာ သရေကျခဲ့တာကတော့ ဘိုင်ယန်လိုအသင်းအဖို့ ပိုခံရခက်စေပါတယ်။ ၀ါဒါဘရီမင်ကလည်း ခြေကျနေလို့ ဘိုင်ယန် အခွင့်အရေးရနိုင်တယ်။ ဘိုင်ယန်ကိုပဲ ရွေးချင်တယ်။

ဟန်နိုဗာ နှင့် ဟာသာဘာလင် (စနေည ၉းဝ၀ နာရီ)

ဟာသာဘာလင်အသင်း ဘွန်ဒစ်လီဂါမှာ နိုင်ပွဲပျောက်နေတာ (၆)ပွဲဆက်တိုက် ရှိပါပြီ။ ဟန်နိုဗာကွင်းမှာ ဟာသာဘာလင် အနိုင်ရဖို့ မဖြစ်နိုင်လောက်ဘူး။

ဟော်ဖန်ဟင်မ် နှင့် ရှော်လ်ကေး (စနေည ၁၂းဝ၀ နာရီ)

(၂)သင်းစလုံး ကြားရက်မှာ ချန်ပီယံလိဂ်ပွဲကစားထားရလို့ ပွဲပန်းနေနိုင်တယ်။ ရှော်လ်ကေးရဲ့ယခုရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကတော့ အနည်းငယ်သံသယရှိစရာပါ။ ဒါပေမဲ့ ဒီတစ်ပွဲတော့ ရှော်လ်ကေးနဲ့ စွန့်စားချင်တယ်။

Most Read

Most Recent