လက်ရှိအင်္ဂလန်အသင်း၏အောင်မြင်မှုကို လက်ရွေးစင်ဟောင်းအချို့ မနာလိုဖြစ်နေဟု ရွန်နီ ဖွင့်ဟ

လက်ရှိအင်္ဂလန်အသင်း၏အောင်မြင်မှုကို လက်ရွေးစင်ဟောင်းအချို့ မနာလိုဖြစ်နေဟု ရွန်နီ ဖွင့်ဟ
Published 19 November 2018

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်နီက လက်ရွေးစင် ကစားသမားဟောင်းအချို့သည် လက်ရှိအင်္ဂလန်အသင်း၏ အောင်မြင်မှုများကို မနာလို ဖြစ်နေကြောင်း ထုတ်ဖော်ပြောကြားသည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ရွန်နီသည် လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံး နှုတ်ဆက်ပွဲအဖြစ် နိုဝင်ဘာ ၁၅ ရက်က အမေရိကန်အသင်းနှင့် ခြေစမ်းပွဲ၌ လူစားလဲဝင် ရောက်ကစားခဲ့သည်။

ရွန်နီသည် အင်္ဂလန် အသင်းအတွက် ပွဲစုစုပေါင်း ၁၂၀ ကစားပေး ခဲ့ပြီး Outfield Player (ဂိုးသမားမဟုတ်သည့် အခြားကစားသမား) များအနက် ပွဲအများဆုံး နှင့် ၅၃ ဂိုးသွင်းယူကာ အသင်းသမိုင်းတစ် လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်မှတ်တမ်း ရေးထိုးနိုင်ခဲ့သည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်ရောက်ရှိ ခဲ့သည့်အသင်းနှင့် ရွှေရောင်မျိုးဆက်အဖြစ်  သတ်မှတ်ခံခဲ့ရသည့်အသင်းအား နှိုင်းယှဉ် မေးမြန်းရာ ရွန်နီက ''ကစားသမားဟောင်းတွေနဲ့ စကားပြောဖြစ်တော့ တချို့က အင်္ဂလန်အသင်းရဲ့ ကောင်းမွန်တဲ့ရလဒ်တွေအကြောင်း မပြောကြဘူး။ ဒါက မှားနေပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ အခုအချိန်မှာ ကျွန်တော်က ပရိသတ်တစ်ယောက် ဖြစ်နေပါပြီ။ အင်္ဂလန်အသင်း စွမ်းဆောင် ရည်ကောင်းမွန်တာကိုပဲ လိုချင်ပါတယ်။ ကျွန်တော်က အင်္ဂလန်အတွက် ကစားခွင့်ရ ခဲ့တဲ့အကြိမ်တိုင်း ဂုဏ်ယူခဲ့တာပါ။ လက်ရွေး စင်အသင်းအတွက် အကောင်းဆုံးပေးဆပ် နိုင်တဲ့ အချိန်တွေလည်းရှိခဲ့လို့ ကျေနပ်ပါ တယ်။ ဒီအသင်းက နောက်ထပ်နှစ်နည်းနည်း လောက်ကြာရင် တိုးတက်လာဦးမယ်လို့ မျှော် လင့်ပါတယ်''ဟု ဖြေကြားသည်။

    

ထို့ပြင် ၎င်းက ''ကျွန်တော်ကစားခဲ့တဲ့ အင်္ဂလန်အသင်းမှာ စူပါစတားကစားသမား တွေရှိခဲ့တယ်။ ဒီအသင်းမှာလည်း စူပါစတား တွေရှိနေပါတယ်။ ဟာရီကိန်း၊ ရာဟင်မ်စတာ လင်နဲ့ ဂျွန်စတုန်းစ်တို့ပေါ့။ ဂျွန်က ကမ္ဘာ့ အကောင်းဆုံး ခံစစ်အတွင်းလူတွေထဲမှာ တစ်ယောက်အပါအဝင်ပါ။ အင်္ဂလန်အသင်း မှာ ထိပ်တန်းကစားသမားတွေရှိတဲ့အပြင် သူတို့တွေက လူငယ်တွေလည်းဖြစ်လို့ အရမ်း ကောင်းပါတယ်။ ဒဏ်ရာရကစားသမားတချို့ သာပါလာရင် ပိုပြီးတောင်ကောင်းလာဦးမှာ ပါ။ ပထမဆုံး ကျွန်တော်တွေ့ခဲ့ရတာက  နည်းပြက အသင်းနဲ့သင့်တော်ပြီး အတွေး အခေါ်ကောင်းတဲ့အပြင် ကစားသမားတွေ ရဲ့ လေးစားမှုလည်းရရှိထားတာပါ။ ဒီအသင်း က ဆုဖလားတစ်ခုခုတော့ အိမ်ကိုပြန်ယူလာ နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အသင်းက အလားအလာအရမ်းကောင်းနေတယ်ဆိုတာ အားလုံးလည်းတွေ့မြင်ကြမှာပါ။ ကမ္ဘာ့ဖလား မှာလည်း အောင်မြင်မှုပြန်ယူနိုင်ခဲ့ကြတယ်။  စပိန်နဲ့ပွဲက နွေရာသီမှာစွမ်းဆောင်ခဲ့တာ ထက် ယုံကြည်မှုပိုရစေမယ်လို့ ကျွန်တော် ထင်တယ်။ စပိန်အသင်းကို အဝေးကွင်းမှာ အနိုင်ရတယ်ဆိုတာ တကယ်ကြီးကျယ်တဲ့ ရလဒ်ပါ။ ဂါရတ် (ဆောက်ဂိတ်) ရဲ့ ဦးဆောင် မှုက အရမ်းကောင်းပါတယ်''ဟု ဆိုသည်။

Most Read

Most Recent