■ အီတလီ ၀-၀ ပေါ်တူဂီ
စနေညမှာ ကစားခဲ့တဲ့ အီတလီနဲ့ ပေါ်တူဂီတို့ရဲ့ ပွဲစဉ်မှာတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပြီး ပေါ်တူဂီအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မကစားရသေးခင်မှာပဲ နောက်တစ်ဆင့် တက်ရောက်သွားနိုင်ခဲ့ပါတယ်။
အီတလီအသင်းဟာ (၄-၃-၃)နဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ အင်ဆစ်ဂ်နီ၊ အီမိုဘီလီ၊ ချီယေဆာတို့ ကစားခဲ့ကာ ဗာရက်တီ၊ ဂျော်ဂျင်ဟိုတို့နဲ့ လူစုံခဲ့သလို ချီလီနီကလည်း ဒီပွဲမှာ သူရဲ့နိုင်ငံအသင်းအတွက် ပွဲ(၁၀၀)မြောက်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။
ပေါ်တူဂီကလည်း (၄-၃-၃)ပုံစဲနဲ့ ပွဲထွက်ခဲ့ပြီး အထောင်တိုက်စစ်နေရာမှာ အန်ဒရေဆေးလ်ဗား၊ တောင်ပံနှစ်ဖက်မှာ ဘရူမာနဲ့ ဘာနာဒိုဆေးလ်ဗားတို့ ကစားခဲ့ကာ ပစ်ဇီ၊ ဘာနာဒိုဆေးလ်ဗား၊ ဖွန်တီ၊ ကန်ဆယ်လိုတို့နဲ့ လူစုံခဲ့ပါတယ်။
အီတလီဟာ ဒီပွဲမှာ အနိုင်ရမှ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်နိုင်မှာဖြစ်လို့ အိမ်ကွင်းမှာ အကောင်းဆုံးကြိုးစားခဲ့ပြီး ပွဲစကတည်းက ဂိုးရဖို့ ပေါ်တူဂီအသင်းကို ဖိကစားခဲ့ပါတယ်။
ပွဲချိန် (၄)မိနစ်မှာ အင်ဆစ်ဂ်နီရဲ့ ကန်ချက်က ပေါ်တူဂီဂိုးသမား ပတ်ထရီစီယိုပုတ်ထုတ်ကာ အီမိုဘီလီ အပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့လို့ အီတလီ နစ်နာခဲ့ပါတယ်။
အဲဒီနောက်မှာလည်း အီတလီကပဲ ဖိကစားပြီး ဂိုးသွင်းခွင့်တွေ ရခဲ့သလို ပေါ်တူဂီအသင်းလည်း တန်ပြန်တိုက်စစ်တွေကနေ ဂိုးကန်သွင်းခွင့်တွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ နှစ်သင်းစလုံး ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။
ပထမပိုင်းမှာ အီတလီတို့ ဘောလုံးပိုင်ဆိုင်မှု (၆၈)ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဖိကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်လို့ ဂိုးမရှိသရေ ဖြစ်နေခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း အီတလီတို့ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ပေမယ့် ပွဲကတော့ အကြိတ်အနယ် ပိုရှိလာခဲ့ပါတယ်။
နှစ်သင်းစလုံးစာ ဂိုးရဖို့အတွက် ကြိုးစားခဲ့တာကြောင့် ပွဲဟာ ပိုကြည့်ကောင်းခဲ့ပြီး ပေါ်တူဂီအသင်းကလည်း ပထမပိုင်းကထက် ဂိုးကန်သွင်းခွင့်တွေ ပိုမိုရရှိခဲ့ပါတယ်။
ပွဲချိန် (၇၆)မိနစ်မှာ ကာဗယ်လ်ဟိုရဲ့ ကန်ချက်ကို အီတလီဂိုးသမား ဒွန်နာရမ်မာ အသည်းအသန်းကာကွယ်ခဲ့ရသလို၊ အီတလီဘက်က ရတဲ့အခွင့်အရေးတွေကိုလည်း အင်ဆစ်ဂ်နီတို့က အသုံးမချနိုင်ခဲ့ပါဘူး။
ဒါကြောင့်ပဲ တစ်ဖက်နဲ့ တစ်ဖက် ဂိုးသွင်းနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။
ဒီပွဲမှာ သရေကျခဲ့တာကြောင့် ပေါ်တူဂီဟာ ပိုလန်နဲ့ပွဲစဉ်မတိုင်ခင်မှာပဲ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီး ပိုလန်အသင်းကတော့ တန်းဆင်းသွားခဲ့ရပါတယ်။
■ ယနေ့ကစားသည့် ပွဲစဉ် ရလဒ်များ
UEFA Nations League
League (A) Group-3
အီတလီ ၀-၀ ပေါ်တူဂီ
League (B) Group-2
တူရကီ ၀-၁ ဆွီဒင်
League (C) Group-1
အယ်လ်ဘေးနီးယား ၀-၄ စကော့တလန်
League (C) Group-4
ဆားဘီးယား ၂-၁ မွန်တီနီဂရိုး
ရိုမေးနီးယား ၃-၀ လစ်သူယေးနီးယား
League (D) Group-3
အဇာဘိုင်ဂျန် ၂-၀ ဖာရိုးကျွန်းစုများ
မော်လ်တာ ၀-၅ ကိုဆိုဗို
အာဖရိကနိုင်ငံများ ခြေစစ်ပွဲ
ကိုမိုရော့စ် ၂-၁ မာလာဝီ
ဆေချဲလက်စ် ၁-၈ လစ်ဗျား
တောင်အာဖရိက ၁-၁ နိုင်ဂျီးရီးယား
ယူဂန္ဓာ ၁-၀ ကိတ်ဗာဒီ
နမီးဘီးယား ၀-၀ ဂီနီဘစ်ဆော
E.ဂီနီ ၀-၁ ဆီနီဂေါ
ဂါဘွန် ၀-၁ မာလီ
ဂမ်ဘီယာ ၃-၁ ဘီနင်
ခြေစမ်းပွဲ
ဂျော်ဒန် ၂-၁ အိန္ဒိယ