ဂိုးသွင်းနောက်ကျသည့်အတွက် မိန်းကလေးပရိသတ်တစ်ဦးကို ဆာလာ တောင်းပန်

ဂိုးသွင်းနောက်ကျသည့်အတွက် မိန်းကလေးပရိသတ်တစ်ဦးကို ဆာလာ တောင်းပန်
Photo: Getty Images
Photo: Getty Images
Published 18 November 2018

 

လီဗာပူးလ်အသင်း၏ အီဂျစ်တိုက်စစ်ကစားသမား ဆာလာက တူနီးရှားအသင်းအား (၃-၂)ဂိုးဖြင့် အနိုင်ရသည့်ပွဲစဉ်တွင် ဂိုးသွင်းနောက်ကျခဲ့သည့်အတွက် မိန်းကလေးပရိသတ်တစ်ဦးကို တောင်းပန်ခဲ့ကြောင်း သိရသည်။

၂၀၁၉ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲစဉ် အီဂျစ် (၃-၂) တူနီးရှားပွဲတွင် ဆာလာသည် အီဂျစ်အသင်းအတွက် အနိုင်ဂိုးကို နာကျင်အချိန်ပိုတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။

အီဂျစ်နိုင်ငံတွင် ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် အီဂျစ်အသင်းပရိသတ်ဖြစ်သည့် ကျောင်းသူမိန်းကလေးငယ်တစ်ဦးက ဆာလာကို စောစောစီးစီးဂိုးသွင်းပေးရန် စာရွက်ထောင်ကာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းမိန်းကလေး၏ စာရွက်တွင် "ဆာလာ ကျေးဇူးပြုပြီး ဂိုးသွင်းပေးပါတယ်။ ကျွန်မ အိမ်ပြန်ချင်တယ်။ အိမ်စာတွေ လုပ်စရာ ရှိတယ်"ဟု ပါရှိသည်။

ယင်းမိန်းကလေး၏ ပုံမှာ Twitter တွင် နာမည်ကျော်သွားခဲ့ရာ ဆာလာက ၎င်း၏ Twitter စာမျက်နှာတွင် တောင်းပန်ကြောင်း ရေးသားခဲ့ခြင်း ဖြစ်သည်။

ဆာလာက ၎င်း၏ Twitter စာမျက်နှာတွင် "သမီး အိမ်ကို စောစောပြန်ရအောင် ဦး အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ သမီးကို နောက်ဆုံးမိနစ်အထိ ကွင်းအထဲမှာရှိနေစေခဲ့တဲ့အတွက် ဦး တောင်းပန်ပါတယ်။ မနက်ဖြန်ကျရင် သမီးရဲ့အခြေအနေကို သမီးတို့ဆရာမ နားလည်ပေးနိုင်မယ်လို့ ဦး မျှော်လင့်ပါတယ်"ဟု ရေးသားခဲ့သည်။

ဆာလာသည် အဆိုပါပွဲစဉ်တွင် (၁)ဂိုးသွင်းယူခဲ့ပြီးနောက် အီဂျစ်အသင်းအတွက် ၎င်း၏သွင်းဂိုးမှာ (၃၉)ဂိုးအထိ ရှိလာခဲ့ပြီး အသင်းသမိုင်းတွင် တတိယမြောက်ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့သည်။