၂၀၁၈ Ballon d’Or ဆုကို ဘာပေရသင့်သည်ဟု ဟာဇက် ပြောကြား

၂၀၁၈ Ballon d’Or ဆုကို ဘာပေရသင့်သည်ဟု ဟာဇက် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 17 November 2018

 

ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်က ၂၀၁၈ Ballon d’Or ဆုကို PSG အသင်း၏ ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေက ရသင့်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက်က မိမိမှာ ၂၀၁၈ Ballon d’Or ဆုနှင့် ထိုက်တန်ခြင်းမရှိကြောင်းနှင့် ယင်းဆုကို မိုဒရစ်နှင့် ဘာပေတို့ထဲမှ တစ်ဦးဦးက ရသင့်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဟာဇက်က "၂၀၁၈ ခုနှစ်က ကျွန်တော့်အတွက် အရမ်းကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဒါပေမဲ့ Ballon d’Or ဆုကို ကျွန်တော် မရသင့်ပါဘူး။ ကျွန်တော့်ထက် ပိုကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ ပြီးတော့ Ballon d’Or ဆုရရှိရေးက ကျွန်တော့်ရဲ့ အဓိကရည်မှန်းချက်လည်း မဟုတ်ပါဘူး။ ဆုရရင်တော့ ကောင်းတာပေါ့ဗျာ။ ဒါပေမဲ့ မရရင်လည်း ပြဿနာမရှိပါဘူး။ ဒီနှစ် Ballon d’Or  ကို ဘယ်သူရသင့်သလဲဆိုရင်တော့ မိုဒရစ်လို့ ကျွန်တော် ဖြေမှာပါ။ ဒါပေမဲ့ မိုဒရစ်က ဒီနှစ်ဘောလုံးရာသီမှာ ပွဲကစားတာ နည်းသလို ပုံမှန်ခြေစွမ်းရဖို့လည်း ရုန်းကန်နေရတယ်။ ဒါကြောင့် ၂၀၁၈ Ballon d’Or ဆုကို အရသင့်ဆုံးက ဘာပေလို့ ကျွန်တော် ပြောချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဟာဇက်က ၎င်းအနေဖြင့် အနာဂတ်နှင့် ပတ်သက်ပြီး ရာသီကုန်တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဟာဇက်၏ ချယ်လ်ဆီးအသင်းနှင့် ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် ကုန်ဆုံးမည်ဖြစ်ပြီး အသင်းဘက်က စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းနေသလို ရီးယဲလ်မက်ဒရစ်အသင်းကလည်း ၎င်းကို ခေါ်ယူရန် ထပ်မံကြိုးပမ်းလာနိုင်သည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့သည်။

ဟာဇက်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၇)ဂိုး သွင်းယူထားသည်။