အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်နီက လူငယ်များစွာ ပါဝင်ဖွဲ့စည်းထားသည့် အင်္ဂလန်အသင်း၏ အနာဂတ်မှာ တောက်ပနေကြောင်းနှင့် မကြာ မီ အောင်မြင်မှုများ ပြန်လည်ရယူနိုင်မည် ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။
ရွန်နီသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာက တည်းက လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သော်လည်း နှစ်နှစ်အကြာ နိုဝင် ဘာ ၁၅ ရက်တွင် နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် အမေရိကန်အသင်းနှင့်ခြေစမ်းပွဲ၌ ပါဝင် ကစားခဲ့သည်။
ရွန်နီသည် ဒုတိယပိုင်းတွင် ၅၈ မိနစ်တွင် လင်ဂတ်နေရာ လူစားလဲဝင် ရောက်ကစားခဲ့ခြင်းဖြစ်ပြီး ဂိုးသွင်းယူနိုင်ခြင်း မရှိသော်လည်း အင်္ဂလန်အသင်းက လင်ဂတ် (၂၅မိနစ်)၊ အလက်ဇန္ဒားအာနိုးလ်(၂၇ မိနစ်)၊ ဝီလ်ဆင် (၇၇ မိနစ်) တို့၏ သွင်းဂိုးများဖြင့် သုံးဂိုးပြတ် အနိုင်ရခဲ့သည်။
ယင်းပွဲအပြီးတွင် ရွန်နီက ''ဒီအခိုက်အတန့်က ကျွန်တော်နဲ့ အတူ အချိန်တော်တော်ကြာတဲ့အထိ ရှိနေဦး မှာပါ။ ဒီရက်သတ္တပတ်ထဲမှာ ကျွန်တော်မြင် ခဲ့တာကိုပြောရရင် အင်္ဂလန်အသင်းရဲ့အနာ ဂတ်က စိတ်ချရပြီလို့ ဆိုရပါမယ်။ နည်းပြက အရမ်းတော်ပြီး အသင်းကလည်း အနာဂတ် တောက်ပနေတဲ့ လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ထားတာပါ။ ဒီအသင်းက အင်္ဂလန်ကို အောင်မြင်မှုတွေပြန်ယူပေးဖို့ နီးစပ်နေပါပြီ''ဟု ပြောကြားသည်။
ထို့ပြင် လက်ရှိအသင်း ခေါင်းဆောင် ဟာရီကိန်းမှာလည်း မိမိ၏ ဂိုး အများဆုံးစံချိန်ကို ချိုးဖျက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ရွန်နီက ဆက်လက်ပြော ကြားသည်။
''ပွဲမစခင် ကျွန်တော့်ကို အမှတ် တရဆုပေးဖို့ ဟာရီကိန်းကို တောင်းဆိုခဲ့တာ ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော့်ရဲ့ သွင်းဂိုးစံချိန်ကို ချိုးဖျက်နိုင်မယ်ဆိုတာ ယုံ ကြည်လို့ပါ။ ကျွန်တော်ကိုယ်တိုင် သူ့ကို ဆု ချီးမြှင့်ခွင့်ရမယ်လို့လည်း မျှော်လင့်ထားပါ တယ်''ဟု ၎င်းက ဆိုသည်။
အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ရွန်နီသည် ၂၀၀၃ ခုနှစ်မှစ၍ အင်္ဂလန်လက်ရွေးစင် အဖြစ် စတင်ရွေးချယ်ခံရပြီး အမေရိကန်နှင့် ခြေစမ်းပွဲအပါအဝင် ပွဲစုစုပေါင်း ၁၂၀ ဖြင့် ဒုတိယမြောက် ပွဲအများဆုံးကစားသမား (ဂိုး သမားပြင်ပ Outfield Player များအနက် ပွဲအများဆုံး) နှင့် ၅၃ ဂိုးသွင်းယူကာ သမိုင်း တစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်သည်။
ရွန်နီသည် လက်ရှိ တွင် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက် အသင်း၌ ပါဝင်ကစားလျက်ရှိသည်။