''Heart of the Lion'' MMA ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်

''Heart of the Lion'' MMA ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်
Photo: ELEVEN
Photo: ELEVEN
Published 8 November 2018

စင်ကာပူနိုင်ငံ၌ ကျင်းပမည့် ''Heart of the Lion'' အမည်ရှိ MMA ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၇ ရက်က Marina Bay Sands တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို နိုဝင်ဘာ ၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အဓိကပွဲစဉ်အဖြစ် ဘင် တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ ထည့် သွင်းကျင်းပမည်ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ပွဲအဖြစ် လက်ရှိချန်ပီယံ ဘရာဇီးလ် နိုင်ငံသား ဘီဘီယာနိုဖာနန်ဒက်စ်နှင့် ဖိလစ် ပိုင်နိုင်ငံသား ကယ်ဗင်ဘယ်လင်ဂွန်တို့ ယှဉ် ပြိုင်ထိုးသတ်မည်ဖြစ်ပြီး ပွဲစဉ်စုစုပေါင်း ၁၃ ပွဲထည့်သွင်းကျင်းပမည်ဖြစ်သည်။

နိုဝင်ဘာ ၇ ရက်ကပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်း လင်းပွဲသို့ One Championship ပြိုင်ပွဲ၏ အမှုဆောင်ချုပ် ဆစ်တီယော့ထောင်နှင့် တာဝန်ရှိသူများ၊ အဓိကပွဲစဉ်ထိုးသတ်မည့် ကစားသမားများအား တက်ရောက်ခဲ့သည်။

ချန်ပီယံဆုကာကွယ်ရမည့် ဖာနန်ဒက်စ်က  ''ကျွန်တော် သူ့ (ဘယ်လင်ဂွန်) ကို လေးစားမှု ရှိပါတယ်။ သူ့ရဲ့ညာလက်သီးချက် ကောင်း တာကိုလည်း သိထားပါတယ်။ ကိုယ့်ကိုယ် ကိုယ်လည်း ယုံကြည်မှုအပြည့်ရှိပါတယ်။ ၁၀၀ ရာခိုင်နှုန်းအပြည့် ကြိုးစားသွားမှာပါ'' ဟု ပြောကြားသည်။

ဘယ်လင်ဂွန်ကလည်း '' သူက ချုပ်တာ အရမ်းကောင်းပါတယ်။ သူ့ ကိုလေးစားမှုအပြည့်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွား မှာပါ။ သောကြာနေ့ပွဲမှာ ကံကြမ္မာကောင်း ရမယ်လို့ ယုံကြည်ပါတယ်'' ဟု ပြောကြား သည်။

မူလက အဓိကပွဲစဉ်အဖြစ် အမျိုးသမီး အက်တမ်ဝိတ်တန်းချန်ပီယံ စင်ကာပူနိုင်ငံသူ အန်ဂျလာလီနှင့် စထရောဝိတ်တန်းချန်ပီယံ တရုတ်နိုင်ငံသူ ခိုရှီးကျင်းနန်တို့ ယှဉ်ပြိုင်ထိုး သတ်ရန် စီစဉ်ထားသော်လည်း ကျောဒဏ်ရာကြောင့် အန်ဂျလာလီ နုတ်ထွက်သွားသဖြင့် ပွဲစဉ်ပြောင်းလဲခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent