ICC World အာရှဇုန်လက်ရည်စစ်ပွဲတွင် မြန်မာခရစ်ကတ်အသင်း အောက်တိုဘာ(၄)ရက်နေ့တွင် စင်ကာပူနှင့် ကစားရမည်

ICC World အာရှဇုန်လက်ရည်စစ်ပွဲတွင် မြန်မာခရစ်ကတ်အသင်း အောက်တိုဘာ(၄)ရက်နေ့တွင် စင်ကာပူနှင့် ကစားရမည်
ttttttttttt
ttttttttttt
Published 3 October 2018

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော  ICC World ခရစ်ကတ် အာရှဇုန်လက်ရည်စစ်ပွဲတွင်  မြန်မာခရစ်ကတ်အသင်း၏ဒုတိယမြောက်ပွဲစဉ်အဖြစ် စင်ကာပူအသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အောက်တိုဘာ(၃)ရက်နေ့က နီပေါအသင်းနှင့် ကစားခဲ့သော ပွဲစဉ်တွင် မြန်မာ(၂၉ -၃၀)နီပေါ ရလဒ်ထွက်ပေါ်ထားခဲ့သည်။ယခုပြိုင်ပွဲသည်၂၀၂၀ ခုနှစ်တွင်ကျင်းပမည့် ICC World  ကမ္ဘာ့ခရစ်ကတ်ပြိုင်ပွဲအတွက် အာရှဇုန် လက်ရည်စစ်ပွဲဖြစ်ပြီး ယခုအဆင့်တွင် နိုင်ငံပေါင်း(၇)နိုင်ငံမှဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။ အိမ်ရှင် မလေးရှားအသင်းအပါအဝင် နီပေါ၊မြန်မာ၊စင်ကာပူ၊ထိုင်း၊တရုတ်နှင့် ဘူတန်အသင်းများပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ ICC World ခရစ်ကတ် အာရှဇုန်လက်ရည်စစ်ပွဲကို အောက်တိုဘာ(၃)ရက်နေ့မှ (၁၂)ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး အုပ်စုပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။မြန်မာ ခရစ်ကတ်အသင်းသည် အောက်တိုဘာ(၄)ရက်နေ့တွင် စင်ကာပူ၊အောက်တိုဘာ(၇)ရက်နေ့တွင် တရုတ်၊အောက်တိုဘာ(၉)ရက်နေ့တွင် မလေးရှား၊အောက်တိုဘာ(၁၀)ရက်နေ့တွင်ထိုင်း၊အောက်တိုဘာ(၁၂)ရက်နေ့တွင် ဘူတန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ICC World အာရှဇုန်လက်ရည်စစ်ပွဲကို အရှေ့အာရှဇုန်နှင့် အနောက်အာရှဇုန် ယူပြီး အပိုင်း(၂)ပိုင်းခွဲခြားကာ ယှဉ်ပြိုင်လျက်ရှိပြီး အနောက်အာရှဇုန် ပြိုင်ပွဲကို ကူဝိတ်နိုင်င့တွင်ကျင်းပလျက်ရှိသည်။

Most Read

Most Recent