■ အီရန်စစ်ပွဲနှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းများ ■

■ အီရန်စစ်ပွဲနှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းများ ■
Published 6 May 2026

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြားအတွင်းရှိ သင်္ဘောများကို စောင့်ကြပ်ပေးနေသည့် အမေရိကန်စစ်တပ်၏ လုပ်ငန်းစဉ်များကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ယင်းသို့ရပ်ဆိုင်းရခြင်းသည် ပါကစ္စတန်နိုင်ငံ၏ တောင်းဆိုမှုကြောင့်ဖြစ်သကဲ့သို့ အီရန်နှင့် နောက်ဆုံးသဘောတူညီချက်ရရှိရန် တိုးတက်မှုများရှိနေခြင်းကြောင့်ဖြစ်သည်ဟု ထရန့်က အကြောင်းပြခဲ့သည်။  

သို့သော် အီရန်ဆိပ်ကမ်းများကို အမေရိကန်ရေတပ်က ဆက်လက်ပိတ်ဆို့ထားမည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

■ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်ကမူ အမေရိကန်သည် အမြင့်ဆုံးဖိအားပေးမှု မူဝါဒကို ကျင့်သုံးနေပြီး ၎င်းတို့၏ တစ်ဖက်သတ်တောင်းဆိုချက်များကို လိုက်လျောရန်မျှော်လင့်နေကြောင်း၊ သို့သော် ထိုတောင်းဆိုချက်များကို လိုက်လျောရန် အီရန်အစိုးရအတွက် မဖြစ်နိုင်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။  

■ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် သံတမန်အဖွဲ့ကို ဦးဆောင်ကာ ပေကျင်းမြို့သို့ ရောက်ရှိလာခဲ့သည်။

■ ယူအေအီးနိုင်ငံကမူ ၎င်းတို့သည် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံခဲ့ရသည်ဟု ပြောကြားခဲ့သော်လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကမူ ထိုတိုက်ခိုက်မှုများအတွက် ၎င်းတို့တွင် တာဝန်မရှိကြောင်း ငြင်းဆိုခဲ့သည်။

■ အမေရိကန်တပ်ဖွဲ့များသည် ဟော်မုဇ်ရေလက်ကြားအတွင်း IRGC ၏ မြန်နှုန်းမြင့်လှေများကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ခရီးသည်တင်သင်္ဘောများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားငါးဦး သေဆုံးခဲ့ရကြောင်း အီရန်က စွပ်စွဲခဲ့သည်။

■ အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းကို ဆက်လက်တိုက်ခိုက်နေပြီး ထိုတိုက်ခိုက်မှုများ မပြုလုပ်မီ လက်ဘနွန်ရှိ မြို့များနှင့် ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ခွာသွားကြရန် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

Ref: Al Jazeera

Photos: AFP

 

Most Read

Most Recent