■ ဟင်္သာတမြို့နယ်၊ ပြာကတတ်ကျေးရွာ၌  မီးလောင်မှုဖြစ်ပွါး

■ ဟင်္သာတမြို့နယ်၊ ပြာကတတ်ကျေးရွာ၌  မီးလောင်မှုဖြစ်ပွါး
Published 30 April 2026

ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စု၊ ပြာကတတ်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။ 

        

 အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ ဧပြီ ၃၀ ရက်၊ နံနက် ၁၀ နာရီကျော်အချိန်က ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

“ပြာကတတ်ကျေးရွာ တာပိုင်း ဟင်္သာတ-ပုသိမ် လမ်းမကြီးဘေးမှာ မီးလောင်မှုဖြစ်ပွါးတာပါ။ သံ၊ ဒန်၊ ကြေး၊  သတ္ထု၊ ဘက်ထရီအိုး၊ ပုလင်းအမျိုးမျိုး၊ ဖုန်းအမျိုးမျိုး၊ ကျောင်းသုံး စာအုပ်အမျိုးမျိုး အဟောင်းပစ္စည်းတွေဝယ်တဲ့နေရာမှာဖြစ်တာပါ။ အလျား ၁၈ ပေ ၊ အနံ ၃၀ ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ် အကုန်မီးလောင်သွားပါတယ်။ ဖြစ်တဲ့အချိန်မှာလူမရှိဘူးလို့သိရပါတယ်။ လူထိခိုက်ဒဏ်ရာရသူကူညီရတာမရှိပါဘူး။ဘေးမှာ ကပ်လျက်အိမ်မရှိတော့ တခြားကို မီးကူးတာမရှိပါဘူး”ဟု ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းမှ စေတနာ့ဝန်ထမ်းတစ်ဦးက ဖြေကြားသည်။

မီးလောင်မှုအကြောင်းရင်းကို မီးသတ်ဦးစီးဌာနမှ အတည်ပြုနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

ယင်းမီးလောင်မှုဖြစ်ပွါးရာနေရာသို့ မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၁)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။

■ အောင်ကျော်မျိုး(ဟင်္သာတ)

Most Read

Most Recent