ပြီးခဲ့သည့်နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကြေညာခဲ့သည့် ဒေါ်လာတစ်သန်းတန် ရွှေရောင်ကဒ် (Gold Card) ဗီဇာအစီအစဉ်အတွက် လူတစ်ဦးသာ ခွင့်ပြုချက်ရရှိထားကြောင်း ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝတ်လတ်နစ်က ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ထရန့်သည် အမေရိကန်ဒေါ်လာ ၁ သန်း ပေးသွင်းရမည့် နေထိုင်ခွင့် အစီအစဉ်ကို ဖန်တီးရန်အတွက် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုအစီအစဉ်အတွက် လျှောက်လွှာများကို ဒီဇင်ဘာလတွင် စတင်လက်ခံခဲ့သည်။
အမေရိကန်အရာရှိများသည် ထိုအစီအစဉ်အောက်တွင် မကြာသေးမီက လူပုဂ္ဂိုလ်တစ်ဦးကို ခွင့်ပြုပေးခဲ့ကြောင်း လတ်နစ်က ဧပြီ ၂၃ ရက်တွင် အမေရိကန်လွှတ်တော် ကော်မတီတစ်ခု၌ ပြောကြားခဲ့သည်။
လုပ်ငန်းစဉ်များကို ဆောင်ရွက်နေဆဲဖြစ်သည့် တန်းစီစောင့်ဆိုင်းနေသူ ရာနှင့်ချီ ရှိနေသေးကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
လျှောက်ထားသူများသည် အမေရိကန်ပြည်တွင်း လုံခြုံရေးဌာနသို့ ရုံးလုပ်ငန်းဆိုင်ရာ ဝန်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၁၅၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် အလွန်အသေးစိတ်ကျသော စိစစ်ရွေးချယ်မှုကို ဖြတ်သန်းရမည်ဖြစ်ကြောင်း လတ်နစ်က ပြောကြားခဲ့သည်။
Gold Card နေထိုင်ခွင့် အစီအစဉ်သည် လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် အမေရိကန်ဒေါ်လာ ၁ သန်းနှင့် ကုမ္ပဏီများမှ စပွန်ဆာပေးပါက အမေရိကန်ဒေါ်လာ ၂ သန်း ကောက်ခံသည်။
ထိုအစီအစဉ်ကို စတင်ဖန်တီးခဲ့ချိန်သည် ထရမ့်က H-1B ကျွမ်းကျင်လုပ်သား ဗီဇာများအတွက် နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၁ သိန်း တိုးမြှင့်ကောက်ခံရန် အမိန့်ပေးခဲ့သည့်အချိန်နှင့် တိုက်ဆိုင်နေသည်။
အဆိုပါ ဗီဇာအသစ်သည် အလုပ်အကိုင်ဖန်တီးပေးနိုင်သည့် ချမ်းသာကြွယ်ဝသူများကို ဆွဲဆောင်နိုင်ပြီး အမျိုးသားဘတ်ဂျက်လိုငွေကို လျှော့ချရန်အတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ထရန့်က အစောပိုင်းတွင် ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်တွင် သမ္မတအဖြစ် ပြန်လည်တာဝန်ယူပြီးနောက်ပိုင်း ထရန့်သည် လူဝင်မှုကြီးကြပ်ရေးကို ပိုမိုတင်းကျပ်ခဲ့ပြီး ၎င်း၏အစိုးရအဖွဲ့သည် ရွှေ့ပြောင်းများကို စီးနင်းမှုများ၊ နေရပ်ပြန်ပို့မှုများ လုပ်ဆောင်ခဲ့သည်။
Ref:AFP















