ပီရူးသမ္မတရွေးကောက်ပွဲ၌ မဲမသမာမှုကြောင့် ပြည်သူများက ၎င်းတို့၏မဲများကို ထည့်သွင်းရေတွက်ရန် ဆန္ဒပြတောင်းဆို

ပီရူးသမ္မတရွေးကောက်ပွဲ၌ မဲမသမာမှုကြောင့် ပြည်သူများက ၎င်းတို့၏မဲများကို ထည့်သွင်းရေတွက်ရန် ဆန္ဒပြတောင်းဆို
Published 20 April 2026

အနည်းဆုံး ပီရူးနိုင်ငံသား ၃,၀၀၀ က ပီရူးသမ္မတရွေးကောက်ပွဲတွင် ၎င်းတို့၏မဲများကို ရေတွက်ပေးရန် ဧပြီ ၁၉ ရက်တွင် လီမာမြို့၌ ဆန္ဒပြခဲ့သည်ဟု သိရသည်။

ကွန်ဆာဗေးတစ်ဆန်လွန်းသော သမ္မတလောင်း ရာဖေးလ်လိုပက်ဇ်အလီရာဂါကို ထောက်ခံသူများနှင့် အရပ်သား အုပ်စုများ၏အဖွဲ့ဝင်များက သမ္မတရွေးကောက်ပွဲတွင် မသမာမှုများနှင့်ပတ်သက်၍ ရွေးကောက် ပွဲလုပ်ငန်းစဉ်များဆိုုင်ရာ အမျိုးသားရုံး၏လိမ်လည်မှုများကို မကျေနပ်ကြောင်းစွပ်စွဲခဲ့ကြပြီးနောက်  ၎င်းတို့၏မဲများကို လေးစားရန် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများက အဆိုပါရုံး၏အနီးတွင် အလံများကိုင်၍ ဆန္ဒပြခဲ့ကြရာ၌ “မဲသမာမှု အလိုမရှိ၊ မဲများကို လေးစားပါ” ဟု အော်ခဲ့ကြသည်။

“ဒီရွေးကောက်ပွဲဟာ မသမာတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က အဲဒါကို ဝန်မခံချင်ကြပါဘူး။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ပေးခဲ့တဲ့မဲအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်” ဟု အသက် ၆၄ နှစ်အရွယ် အက်ဒစ်ဗယ်ဗာဒီက AFP ကို ပြောကြားခဲ့သည်။

ပီရူးသမ္မတရွေးကောက် ပွဲပထမအဆင့်မှ ရလဒ်များကို မေလလယ်အထိ ထုတ်ပြန်ပေးမည်မဟုတ်ဟု ပီရူးတာဝန်ရှိသူတစ်ဦးက ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲက အကြိတ်အနယ်ဖြစ်ခဲ့ပုံရသည့် အနေအထားဖြစ်ပေါ်ခဲ့ပြီးနောက် တာဝန်ရှိသူက  ရွေးကောက်ပွဲရလဒ်ကို ထုတ်ပြန်ပေးရန် အချိန်ရွှေ့ဆိုင်းသည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။      

Ref:AFP,Ref:AFP Photos

                                                  

Most Read

Most Recent