ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်စန္ဒာသွယ်အား ခန့်အပ်

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်စန္ဒာသွယ်အား ခန့်အပ်
Published 7 April 2026

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်စန္ဒာသွယ်အား ယနေ့ (ဧပြီ ၇ ရက်) တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခန့်အပ်သည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ဒေါ်စန္ဒာသွယ်အား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ အဆိုပြုပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်လိုသူရှိပါက လွှတ်တော် ဒုတိယညွှန်ကြားရေးမှုးချုပ်ထံ ခိုင်လုံသောအထောက်အထားဖြင့် ကန့်ကွက်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက ပြောကြားသည်။

လွှတ်တော်အစည်းအဝေးအား ခေတ္တရပ်နားပြီးနောက် ပြန်လည်စတင်ချိန်တွင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်သူမရှိသည့်အတွက် ဒေါ်စန္ဒာသွယ်အား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာသည်။

Most Read

Most Recent