မြဝတီ​ဒေါန​တောင်​ကျော် အာရှလမ်းသစ် ဧပြီ ၂ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရ

မြဝတီ​ဒေါန​တောင်​ကျော် အာရှလမ်းသစ် ဧပြီ ၂ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရ
Published 1 April 2026

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်​ရေးလမ်း​ကြောင်းတွင် အ​ရေးပါ​သော မြဝတီ-​ကော့ကရိတ် ဒေါန​တောင်​ကျော်အာရှလမ်းသစ်အား ဧပြီ ၂ ရက်တွင် ဖွင့်လှစ်​မည်ဖြစ်​ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဧပြီ ၂ ရက်​တွင် အာရှလမ်းသစ်​ပေါ်၌ ဆရာတော်သံဃာ​တော် အရှင်မြတ်တို့အား ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ် တရားနာယူပြီး အာရှလမ်းကို ဖွင့်လှစ်​ပေးမည်ဟု သိရ​ကြောင်း မြဝတီနယ်စပ်ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ​ပြောသည်။

“ဟုတ်ပါတယ်၊ မနက်ဖြန် ဧပြီ ၂ ရက် ပရိတ်တရား​တော်နာယူပြီး အာရှလမ်းကိုဖွင့်မှာပါ။ ဒီ​​ဒေါန​တောင်ကျော်အာရှလမ်းသစ်ကို ဖွင့်လှစ်​ပေမယ့် နယ်စပ်ကုန်သွယ်​ရေးတံတားဖြစ်တဲ့ အမှတ်၂ တံတားကို​တော့ ဖွင့်လှစ်ဖို့မကြား​သေးပါဘူး။ အာရှလမ်းက ခရီးသည် သယ်ယူပို့​ဆောင်​ရေးကား​တွေအတွက်သာ သွားလာလို့ရပြီး သွင်းကုန်၊ ပို့ကုန်လုပ်ငန်းလိုင်စင်ဖွင့်​ပေးပြီး တရားဝင်ကုန်သွယ်ခွင့်ရှိမှသာ နယ်စပ်ကုန်​သွယ်​ရေးတိုးတက်လာမှာပါ။ ကျွန်​တော်တို့​က အာရှလမ်း​ရော နယ်စပ်ကုန်သွယ်​ရေး​ရော ဖွင့်လှစ်​ပေးဖို့ ​မျှော်လင့်​နေတာပါ” ဟု မြဝတီမြို့မှ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ကော့ကရိတ်မြို့တွင်းတိုက်ပွဲ၊ မြဝတီသဃ်န်းညီ​နောင်တွင်ဖြစ်ပွားခဲ့​သော တိုက်ပွဲများ​ကြောင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်ကစတင်ကာ မြဝတီဒေါနတောင်​ကျော်အာရှလမ်းသစ်မှ ယာဉ်သွားလာမှု ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

အာရှလမ်းသစ်မှ ယာဉ်အသွားအလာရပ်ဆိုင်းသွားသည့်အတွက် နယ်စပ်ကုန်သွယ်ရေးလည်း ရပ်ဆိုင်သွားသည်။

အာရှလမ်းသစ်မှ ယာဉ်အသွားအလာရပ်ဆိုင်းပြီး​နောက် မြဝတီ​ကော့ကရိတ်လမ်း​ဟောင်း၊ ၁၀၁၈ လမ်း၊ ထိုးကော်ကိုးလမ်း၊ ကြက်ဥ​တောင်လမ်းတို့မှ ခက်ခက်ခဲခဲသွားလာခဲ့ကြရပြီး ယာဉ်စီခများမှာ တစ်ဦးလျှင် တစ်သိန်း​ကျော် နှစ်သိန်းထိ မြင့်တက်သွားခဲ့သည်။

မဟာမဲ​ခေါင်​ဒေသ၏ အ​ရေးပါ​သော စီးပွား​ရေးစကြ်န်လမ်း၊ မြဝတီ​ကော့ကရိတ်​ဒေါန​တောင်​ကျော်အာရှလမ်းသစ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်​​က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent