ဒူးဒဏ်ရာ မှားယွင်းကုသခဲ့တယ်ဆိုတဲ့ သတင်းတွေကို အမ်ဘာပေ ငြင်းဆန်

ဒူးဒဏ်ရာ မှားယွင်းကုသခဲ့တယ်ဆိုတဲ့ သတင်းတွေကို အမ်ဘာပေ ငြင်းဆန်
Photo: X
Photo: X
Published 27 March 2026

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေက သူ့ရဲ့ဒူးဒဏ်ရာကို အသင်းဆေးအဖွဲ့က မှားယွင်းကုသခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။

ပြင်သစ်မီဒီယာ RMC Sport က ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အမ်ဘာပေရဲ့ ဘယ်ဘက်ဒူးဒဏ်ရာကို စစ်ဆေးရမယ့်အစား ညာဘက်ဒူးကို Scan ဖတ်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်က အမ်ဘာပေ ဒူးဒဏ်ရာရရှိမှုကို ရီးယဲလ်အသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး ယင်းမတိုင်မီ အမ်ဘာပေဟာ အသင်းအတွက် သုံးပွဲကစားခဲ့ပါတယ်။

အမ်ဘာပေဟာ ပါရီမှာ သွားရောက်ကုသမှု ခံယူခဲ့တာကြောင့် ရက်သတ္တပတ် သုံးပတ်ဝန်းကျင် လွဲချော်ခဲ့ပြီးနောက် အသင်းက ဒဏ်ရာနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲသတင်းကို ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

ဘရာဇီးလ်နဲ့ ကစားမယ့် ခြေစမ်းပွဲအတွက် ပြင်သစ်အသင်းနဲ့ လာရောက်ပူးပေါင်းခဲ့စဉ်မှာ အမ်ဘာပေက အဲဒီသတင်းတွေကို ငြင်းဆန်ခဲ့တာပါ။

''ဘယ်ဘက်ဒူးနဲ့ ညာဘက်ဒူးမှားပြီး စစ်ဆေးကုသခဲ့တယ်ဆိုတဲ့ အချက်အလက်ဟာ မမှန်ကန်ပါဘူး။ ဒီအခြေအနေအတွက် ကျွန်တော့်မှာ တာဝန်ရှိကောင်းရှိနိုင်ပါတယ်။ အဓိပ္ပာယ်ကောက်ယူနိုင်အောင် တံခါးတွေ ဖွင့်ထားမယ်ဆိုရင် တစ်စုံတစ်ယောက်က ဒီကွက်လပ်တွေကို မြန်မြန်ဆန်ဆန် ဖြည့်လိမ့်မယ်''လို့ အမ်ဘာပေက ပြောကြားခဲ့ပါတယ်။ 

Most Read

Most Recent